အမျိုးသားညီညွတ်ရေးအစိုးအဖွဲ့ဝင်များနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေး

မတ်  ၁၂၊  ၂၀၂၆။

Zalen

Zalen ad

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဏာခွဲဝေမှု သဘောတူခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ယနေ့မတ်လ ၁၂ ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၀ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင်အခုလိုရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ စစ်ကိုင်းဖက်ဒရယ် အစိုးရကြား လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း(Division of Competency) နဲ့စပ်လင်းပြီး ဒုတိယအကြိမ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အစည်းဝေးတွင် နှစ်ဘက် တာဝန်ရှိသူများက လုပ်ပနုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်နဲ့စပ်လျဉ်းရ၍ ဆွေးနွေးခဲ့ကြရာ အချက်(၉) ချက်ကိုသဘောတူ ချမှတ်နိုင်ခဲ့ကြပြီး ကျန်ရှိနေတဲ့ ကဏ္ဍများအပေါ်တွင်လည်း ပြင်ဆင်ရန်လိုအပ်တဲ့အချက်များ၊ ဖြည့်စွက်ရန်လိုအပ်တဲ့အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် အုပ်ချူပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ ပြည့်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။။

အဲဒီအစည်းဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ဘက်မှ ဝန်ကြီးချူပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့ လူမှုကြီးကြပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်စောဖူးနဲ့ ရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ ကြတာဖြစ်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ ဝန်ကြီးချူပ် ဦးစိုးဦး၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ ရှေ့နေချူပ် ဦးအောင်ချစ်ညိုနဲ့ ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – မောင်ဗေဒါ

ဓာတ်ပုံ – NUG Page

#NUG #စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ#တွေ့ဆုံ#ဆွေးနွေး #Zalen

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်