တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို BWM နှင့် မဟာမိတ်အဖွဲ့များ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မတ် ၁၃၊၂၀၂၆

Zalen

Zalen ad

Brave Warriors for Myanmar (BWM) အဖွဲ့ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒီကနေ့ မှာ BWM က ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မတ်လ ၁၂ ရက် ၊ည ၁၁ နာရီ ၈ မိနစ်အချိန်မှာ Mission 51 အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့များအနေဖြင့် ရှော့တိုက်ဒုံး ၁၈ လုံး ပစ်ခတ်ခဲ့ရာ ၁၃ လုံး က လေတပ်စခန်းအတွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါစစ်ဆင်ရေးကိုတော့ Brave Warriors for Myanmar (BWM)၊ Mountain Knight Civilian Defense Forces (MKCDF)

၊ Anti-Coup People’s Liberation Force (ACPLF)၊ KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)

တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကတော့ စစ်ကောင်စီက လေယာဉ်ဆီရရှိရန် အခက် အခဲဖြစ်ပေါ်နေချိန်မှာ လေကြောင်းတိုက်ခိုက်မှုများ လျော့ပါးသွားစေရန်အတွက် အဓိကပစ်မှတ်ဖြစ်တဲ့ လေယာဉ်ဆီလှောင်ကန်များ ကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုကြောင့် လေတပ်အတွင်း ထိခိုက်ပျက်စီးမှု ကြီးမားကြောင်း အတွင်းသတင်းများအရ သိရှိရပြီး ဒီကနေ့ မနက်ပိုင်းက တိုင်းမှူးကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး စစ်ကောင်စီဘက်မှ သတင်းအချက်အလက်များ ပြင်ပသို့မပေါက်ကြားစေရန် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီ လေကြောင်းစွမ်းရည်ကို ချိုးနှိမ်နိုင်ရန်အတွက် အခြားသော တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း လေတပ် နှင့် ဆက်စပ်တဲ့ ပစ်မှတ်များကို ဝိုင်းဝန်းတိုက်ခိုက်ကြရန်လည်း BWM အဖွဲ့က အထူးတိုက်တွန်းထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ BWM ပြန်ကြား ရေး တာ၀န်ခံတစ်ဦးက” ထိခိုက်မှုများတယ် ။တိုင်းမှူးအသစ် သူရဇော်လွင်စိုး အခု မနက်အစောကြီး လာစစ်ဆေးတယ် ။ မနေ့ က လေတပ်တော်ဝင်နေတာမို့ သတင်းအစအန လုံးဝ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးတယ်” လို့ Zalen ကိုပြောပါတယ်။

ဒါ့အပြင် အဆိုပါပတ်၀န်းကျင် အတွင်း စစ်ကောင်စီတိုင်းမှူးအသစ် သူရဇော်လွင်စိုးက စစ်ကြောင်းထိုးခိုင်းနေပြီး”မသင်္ကာ ရင် အရှင်မလိုချင်ဘူး”လို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အီရန်အာဏာရအဖွဲ့အစည်းများ ချေမှုန်းခံရပြီးနောက် စစ်ကောင်စီက လေယာဉ်ဆီရရှိရန် အကြပ်ရိုက်နေပြီး တော်လှန်ရေးအဖွဲ့များကို ဆက်လက်တိုက်ခိုက်ရန် အာရပ်နိုင်ငံများထံက နေ ဆီရရှိရေး ကြိုးပမ်းနေတယ်လို့လည်း ဆိုထားပါတယ်။

သတင်း – ညီစေ

ဓာတ်ပုံ -ပေးပို့ / BWM နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက တောင်ငူ(ကေတုမသီ) လေတပ်စခန်း ပစ်ခတ်နေတဲ့ ရှော့တိုက်ဒုံးကျည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆ Zalen ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ...

ဆက်ဖတ်ရန်