စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကသတင်း ရရှိပါတယ်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုမှာ တံတားဦး လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂စီး နဲ့ ၈ နာရီ ၂၀ မိနစ် ကနေ ၈ နာရီ ၃၀ မိနစ် အထိ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသားတဦးက” မတူပီ မြို့အပြင်ဘက်တွေကိုကြဲတာ။ ။ အသေးစိတ်ကိုတော့ စုံစမ်းနေရဆဲပါ “လို့ Zalen ကိုပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆက်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့တုန်းကလည်း

မတူပီ အရှေ့ဘက်ခြမ်း နေရာတွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မနေ့က ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီကင်းထောက်ယာဉ် ATR-42 တစ်စင်း မတူပီ နယ်အတွင်း ကင်းထောက်ပျံဝဲနေတယ်လို့ သိရပါတယ်။

သတင်း – ဘုံတလာသား

ဓာတ်ပုံ – ပေးပို့

#မတူပီမြို့#စစ်ကောင်စီ#ဗုံးကြဲ#Zalen

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်