စစ်ခေါင်းဆောင်က ၁၅ နှစ်တာ တပ်ချုပ်သက်တမ်းကို ပြန်သုံးသပ်ပြီး ဒု-တပ်ချုပ်ကို ကျေးဇူးတင်စကားဆို

မတ် ၁၄၊ ၂၀၂၆

Zalen

Zalen ad

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ မတ်လ ၁၃ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တပ်ပိုင်းဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ တပ်ချုပ်တာဝန်ယူခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ပြခဲ့ပါတယ်။

သူ့ရဲ့ ၁၅ နှစ်တာ သက်တမ်းအတွင်း ကြည်း၊ ရေ၊ လေ အတွက် လိုအပ်တဲ့ လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်တာတွေကို လုပ်ခဲ့တယ်လို့ ပြောပြီး စစ်မှုထမ်းဥပဒေအသက်သွင်းနိုင်ခဲ့တာကိုလည်း နိုင်ငံလုံခြုံရေးရရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ရေယာဉ်တည်ဆောက်တာ၊ ဝယ်ယူဖြည့်တင်းတာနဲ့ ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်တွေရရှိအောင်လည်း ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ရုရှားထုတ် တိုက်လေယာဉ် ၂ စင်းအပါ တိုက်လေယာဉ်တချို့ တပ်တော်ဝင်အခမ်းအနား ကျင်းပခဲ့ပါတယ်။

ပုံမှန်ဆိုရင် တပ်မတော်နေ့နဲ့ တပ်တည်ထောင်ခြင်း အထိမ်းအမှတ်နေ့မှာသာ တပ်တော်၀င် အခမ်းအနား လုပ်လေ့ရှိပေမယ့် အခုတော့ ကြိုပြီး လုပ်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း စစ်ခေါင်း‌ ဆောင်က လက်တွဲညီညီ ဆောင်ရွက်ခဲ့လို့ ကျေးဇူးတင်ပါတယ် ဆိုပြီး ပွဲထုတ်ချီးကျူးခဲ့ပါတယ်။

ပုံမှန်ဆို တပ်မတော်နေ့ လာမယ့် မတ်လ ၂၇ ရက်မှ လုပ်လေ့ရှိတဲ့ ဒီလိုတွေ့ဆုံတာတွေကို အခု ကြိုတင်ပြုလုပ်နေတာဟာ တပ်ချုပ်ရာထူးကနေ အနားယူပြီး သမ္မတအဖြစ် ကူးပြောင်းဖို့ ပြင်ဆင်နေတာလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဒီပွဲမှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ ရှေ့မှာ အင်္ဂါစဉ်ထားရှိတာကြောင့် သူဟာ အနာဂတ် တပ်ချုပ်သစ် ဖြစ်လာဖို့ အလားအလာ အကောင်းဆုံးသူအဖြစ် ရှုမြင်ခံနေရပါတယ်။

စစ်ခေါင်းဆောင် တာ၀န်ယူချိန် ၁၅ နှစ်အတွင်း အောင်မြင်မှုတွေကိုသာ အသားပေးပြောသွားပေမယ့် ပြီးခဲ့တဲ့ကာလအတွင်း တိုင်းစစ်ဌာနချုပ်တွေ လက်လွှတ်ခဲ့ရတာ၊ ဗိုလ်မှူးချုပ်အဆင့်အထိ ဖမ်းဆီးခံရတာနဲ့ စခန်းတွေ အသိမ်းခံရတာတွေကိုတော့ စစ်ခေါင်းဆောင်ဘက်က လုံးဝ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။

အစိုးရသစ်မဖွဲ့ခင် ရက်ပိုင်းအလိုမှာ အခုလို ၁၅ နှစ်တာကို ပြန်သုံးသပ်ပြနေတာဟာ စစ်တပ်အတွင်း အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာတော့မယ့် အခြေအနေလို့ ယူဆရပါတယ်။

Mary

ဓာတ်ပုံ-လူမှုကွန်ယက်

#မင်းအောင်လှိုင်#တပ်ချုပ်သက်တမ်း#ပြန်သုံးသပ်ပြီး #ဒု-တပ်ချုပ်#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ ဗားရ်တံတားအနီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့်နေအိမ်အချို့ပျက်စီး

မတ် ၁၄ ၊ ၂၀၂၆ Zalen ၂၀၂၃ခုနှစ် ဧပြီလဆန်းထဲက ချင်းအမျိုးသားကာကွယ်ရေး(CNDF)တပ်ဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ ကျေးရွာစခန်းကို ယမန်နေ့ မတ်လ ၁၃ရက် နံနက်ပိုင်း ၁၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ...

ဆက်ဖတ်ရန်