ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီး ဦးမောင်မောင်အုန်း ဒုဥက္ကဋ္ဌဖြစ်လာ

မတ် ၁၆၊ ၂၀၂၆
Zalen

အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် မနက်ပိုင်းမှာ နေပြည်တော်လွှတ်တော်အဆောက်အအုံမှာ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို စတင်ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီ (USDP) ရဲ့ ဥက္ကဋ္ဌ ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး၀န်ကြီး ဦးမောင်မောင်အုန်း ကို ဒုဥက္ကဋ္ဌအဖြစ် အတည်ပြုရွေးချယ်လိုက်ပါတယ်။

ဒီရွေးချယ်မှုမှာ သူတို့နှစ်ယောက်လုံးဟာ ပြိုင်ဘက်မရှိဘဲ တစ်ဦးတည်းအမည်စာရင်း တင်သွင်းခံရပြီး အတည်ပြုခံခဲ့ရတာပါ။

Zalen ad

ဦးခင်ရီကတော့ ဇေယျာသီရိမဲဆန္ဒနယ်က အနိုင်ရ ကိုယ်စားလှယ်ဖြစ်ပြီး သူဟာ အရင်က ရဲချုပ် တာဝန်အပြင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး တာဝန်တွေကိုလည်း ယူခဲ့ဖူးသူပါ။

ဒုဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးမောင်မောင်အုန်းကတော့ တပ်ကုန်းမဲဆန္ဒနယ်ကနေ အနိုင်ရခဲ့တာဖြစ်ပြီး အရင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စတဲ့ တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးကိုတော့ သဘာပတိအဖြစ် ဦးနန္ဒကျော်စွာက ဆောင်ရွက်ခဲ့ပြီး ကိုယ်စားလှယ် ၃၇၃ ဦးလုံး တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုတာနဲ့ လက်မှတ်ရေးထိုးတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထွက်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော်ထဲမှာ နေရာအတော်များများ အနိုင်ရထားတာပါ။

ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးမှာ ၃၃၉ နေရာအထိ အနိုင်ရထားတဲ့အတွက် စစ်တပ်ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲနဲ့တောင် ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာ ရှိနေတာကို တွေ့ရပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်