မတ် ၁၆၊ ၂၀၂၆
Zalen
ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဖို့ နွေဦးတော်လှန်ရေး မဟာတပ်ပေါင်းစု (SRA) က တောင်းဆိုလိုက်ပါတယ်။။
ဒါ့အပြင် အဖွဲ့အစည်းအချင်းချင်း တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို မဟာမိတ်အချင်းချင်း တိုက်ခိုက်နေတာဟာ သက်ဆိုင်ရာအဖွဲ့နှစ်ခုတည်းကိုသာ ထိခိုက်စေသည်မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ထိခိုက်စေတယ်လို့ SRA က ထောက်ပြထားပါတယ်။
ဒါ့ကြောင့် လက်နက်ကိုင်ဖြေရှင်းမည့်အစား ငြိမ်းချမ်းစွာ ညှိနှိုင်းကြရန် တိုက်တွန်းခြင်းဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ခဲ့တဲ့အတွက် SRA အနေနဲ့ အစဉ်အမြဲ ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။
အဲဒီလို အောင်ပွဲများကို ဆက်လက်ထိန်းသိမ်းရန် မိတ်ဖက်အချင်းချင်းကြား ညီညွတ်မှုရှိရန် လိုအပ်သည်ဟု ဆိုပါတယ်။
အလားတူပင် TCSO၊ NUCC နဲ့ ကျန်းမာရေးအင်အားစုများအပါအဝင် အခြားတော်လှန်ရေးကွန်ရက်များကလည်း တွေ့ဆုံဆွေးနွေးရေးကိုသာ အလိုရှိကြောင်း ထုတ်ပြန်ထားကြပါတယ်။
အားလုံးက ပဋိပက္ခများကို အမြန်ဆုံး အဖြေရှာရန် တညီတညွတ်တည်း တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#MNDAA#TNLA#SRA#ဆွေးနွေး#Zalen

















