ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

မတ် ၁၈၊ ၂၀၂၆

Zalen

Zalen ad

အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် မနက်ပိုင်းက နေပြည်တော်လွှတ်တော်အဆောက်အအုံမှာ တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို စတင်ကျင်းပခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ သဘာပတိအဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်အမှတ်(၅) ဒေါ်ဒွဲဘူက ဆောင်ရွက်ခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကနေ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) က အနိုင်ရ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးJeng Phang နော်တောင်ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေး ကတော့ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၁) ကနေ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။

အောင်လင်းဒွေးဟာ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ပထမ ၂ နှစ်ခွဲကာလအတွက် ပြည်ထောင်စုလွှတ်တော်နာယကတာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်။

သူဟာ စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတွင် အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

မတ်လ ၁၆ ရက်နေ့က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီ (USDP) ရဲ့ ဥက္ကဋ္ဌ ဦးခင်ရီကို တင်မြှောက်ခဲ့ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး၀န်ကြီး ဦးမောင်မောင်အုန်း ကို ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

Helen

#အမျိုးသားလွှတ်တော်#အောင်လင်းဒွေး#JengPhang နော်တောင်#Zalen

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်