တွန်းဇံဘက်မှာ PDA တပ်စခန်းကို ZRA ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် CDF-Tonzang က စကစနဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် ပြန်လည်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်

===========

မတ်၂၃ ၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့နယ်ကြားက ဂဲလ်ဇန်း (Geel Zaang) ကျေးရွာရှိ ချင်းလဲန်းကောင်စီတပ်ဖွဲ့၀င်ဖြစ်တဲ့ PDA တပ်စခန်းကို  ဇိုမီးတော်လှန်ရေးတပ် (ZRA) အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ZRA -EC တပ်က အလစ်အငိုက် ၀င်ရောက်စီးနင်းခဲ့တာကြောင့် PDA တပ်ဖွဲ့တွေက အင်အားမမျှတတဲ့အတွက် ဆုတ်ခွာခဲ့ရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

PDA စခန်းကို ZRA-EC တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး လက်နက်နဲ့ ခဲယဉ်းမီးကျောက်တွေ၊ ဆက်သွယ်ရေး စကားပြောစက် ဝေါ်ကီတော်ကီတွေ၊ ကင်းထောက်နဲ့ တိုက်ခိုက်ရေးသုံး ဒရုန်း (Drone) တွေအပြင်တခြား စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းယူခဲ့တာလို့ ဆိုပါတယ်။

ဒါအပြင် ဂဲလ်ဇန်း (Geel Zaang) ရွာ ဒေသခံ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား တဦးကို ZRA-EC တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

ZRA-EC တပ်ဖွဲ့အနေနဲ့ PDA တပ်ဖွဲ့ထံကနေ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို ပြန်ပေးဖို့၊ နယ်မြေကျူးကျော်ပြီး မျိုးနွယ်စုချင်း အနိုင်ကျင့်တာတွေကို အဆုံးသတ်ဖို့၊ အကြမ်းဖက်စစ်တပ်နဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ပြန်လည်တိုက်ခိုက်သွားမယ်လို့ CDF-Tonzang က မတ်လ ၂၂ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

မတ်လ ၁၅ ရက်နေ့ကလည်း တွန်းဇံမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့  ZRA-EC ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေပြီး အခုအခါမှာတော့ စစ်ကောင်စီရဲ့ လက်အောက်ခံအဖြစ် ပူးပေါင်းဆောင်ရွက်တာတွေက ပိုပြီး ထင်ရှားလာတယ်လို့   PDF-Zoland က ထုတ်ပြန်ထားပါတယ်။

Helen

#ZRA-EC #PDA #PDF-Zoland #CDF-Tonzang #Zalen

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခါးကျီးပေါင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရ

မတ် ၂၃ ၊ ၂၀၂၆Zalen အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညှပ်တဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီခွဲစိတ်မှုကို ပြီးခဲ့တဲ့ မတ်လ ...

ဆက်ဖတ်ရန်