စစ်မှုထမ်းမူဝါဒကိုအကောင်အထည်ဖော်တော့မှာ ဖြစ်လို့ထိန်းချုပ်နယ်မြေအတွင်းရှိလူငယ်များလာရောက် ပူးပေါင်းကြဖို့ CDF-Matupi ထုတ်ပြန်

မတ်၂၄ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားတဲ့ ချင်းပြည်ကောင်စီအဖွဲ့ဝင် Chinland Defense Force – Matupi က ချင်းပြည်ကောင်စီပြဌာန်းလိုက်တဲ့စစ်မှုထမ်းမူဝါဒကိုစတင်အကောင်အထည်ဖော် တော့မှာဖြစ်လို့ လာရောက်ပူးပေါင်းကြဖို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်တပ်က ချင်းပြည်အတွင်းလက်လွှတ်ဆုံးရှုံးထားတဲ့နယ်မြေများကို ပြန်လည်ရယူနိုင်ဖို့ အတွက် အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အချိန်ဖြစ်လို့ ချင်းပြည်ကောင်စီမှ ဖေဖော်ဝါရီလအတွင်းပြဌာန်းလိုက်တဲ့ စစ်မှုထမ်းမူဝါဒကိုစတင်အကောင်အထည်ဖော်တော့မှာဖြစ်ကြောင်းအသိပေးလာတာဖြစ်ပါတယ်။

ဒါ့ကြောင့် ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် ထိန်းချုပ်ဒေကကနေ ထွက်ခွါမယ်ဆိုပါက CDF-Matupi ဌာနချုပ်ရဲ့ထောက်ခံစာဖြင့်သာထွက်နိုင်မှာဖြစ်ပြီး ဒီမူဝါဒနဲ့ကိုက်ညီသောသူများအနေဖြင့် အမျိုးသား တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

Zalen ad

ဒီစစ်မှုထမ်းမူဝါဒမှာ CNF/A နဲ့ CDFs တပ်ဖွဲ့များမှာ တာဝန်ထမ်းဆောင်နေသူများရဲ့ မိသားစုဝင်များ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် လက်နက်ကိုင်ခဲ့ပြီးကျဆုံးသွားတဲ့ရဲဘော်များရဲ့မိသားစုဝင်များ၊ တိုက်ပွဲများအတွင်း ကိုယ်လက် အင်္ဂါဆုံးရှုံးထားတဲ့မိသားစုဝင်များ၊ အကြမ်းဖက်စစ်တပ်အာဏာဖီဆန်ရေးလှုပ်ရှားမှု ( CDM ) မှာပါဝင်သူများ၊ ချင်းပြည်ကောင်စီရဲ့ ကျန်းမာရေး၊ပညာရေး စတဲ့ဌာနဆိုင်ရာမှာအလုပ်လုပ်ကိုင်နေသူများ ၊ NGO မှာအလုပ်လုပ် ကိုင်ရင်း တော်လှန်ရေးမှာပါဝင်နေသူများ ၊ ကျန်းမာရေးချို့တဲ့သူများနဲ့ ဘာသာရေးဆရာ/မများ မပါဝင်ဘူး လို့ ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာပြောကြားထားပါတယ်။

ဒီစစ်မှုထမ်းမူဝါဒကို လက်ရှိ ချင်းပြည်ရဲ့ စစ်ရေးလိုအပ်ချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းမှာ ချင်းပြည်မြောက်ပိုင်း ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်တို့မှာ စတင်အကောင်အထည်ဖော်ခဲ့ကြ ပြီ ဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်