အင်အား ၆၀၀ ကျော် စစ်ကောင်စီစစ်ကြောင်း ဗားရ်တံတားကိုကျော်ပြီး ဆူရ်ဘုန်လေဆိပ်နဲ့ ဖလမ်းမြို့ကိုဆက်လက် ဦးတည်နေ

ဧပြီ ၂၀ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ် အင်အား ၆၀၀ ကျော်ဟာမနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းမှာ ဖလမ်းမြို့နဲ့ ၁၉ ကီလိုမီတာခန့်သာဝေးတဲ့ မြို့အောက်နားက ဗာရ်းတံတားကိုကျော် လွန်ပြီး ဖလမ်း မြို့နဲ့ ဆူရ်ဘုန် လေဆိပ်ဘက်ကိုဦးတည်ပြီး ဆက်လက်ထိုးစစ်ဆင်လာနေတယ်လို့ သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ ကိုပြန်လည်သိမးပိုက်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက် ကနေ စတင်ပြီး ကလေး-သိုင်းငင်းလမ်းကနေ တစ်ကြောင်း၊ ကလေး-ဝေဘူလလမ်းကနေတစ်ကြောင်း စစ်ကြောင်းအကြီးများ ထိုးလာတာဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းက စစ်ကောင်စီတပ်သားများဟာ ဖလမ်းမြို့နဲ့ ၁၃ မိုင်ခန့်သာဝေးတဲ့ ခွန်းလီကျေးရွာနဲ့ ဆုမ်ဟရန်း ရွာမှာခြေကုပ်ယူထားကြောင်း၊ နောက်ထပ် ၂၀၂၆ ဖေဖော်ဝါရီလ မှာ သိုင်းငင်းဘက်ကနေ အင်အားအလုံးအရင်းဖြင့် နောက်ထပ် စစ်ကြောင်းထိုးလာပြီးတော့ အခုအခါ ဗားရ်တံတားကိုကျော်လွန်တာ တာလို့ CNO ပြောခွင့်ရ ဆလိုင်းတင်မီ က Zalen ကိုပြောပါတယ်။

Zalen ad

ဆလိုင်းတင်မီက “အဲဒီဖလမ်းကနေကျော်လာတဲ့စစ်ကြောင်းက ၆၀၀ ကနေ ၈၀၀ လောက်ရှိပါတယ်။ အဲဒါကို စစ်ကြောင်းပြန်ခွဲပြီးမှ ခွန်းလီမှာရှိပြီးသားဟာနဲ့ ဒီဖက် သိုင်းငင်းဘက်ကနေလာတဲ့ စစ်ကြောင်းတွေပြန်ဖြန့်ပြီးမှ အခုချိန်မှာ စစ်ကြောင်းထိုးလာတာ ဘယ်နှကြောင်းတောင်ရှိမလဲကျွန်တော်မပြောတက်ဘူး။ အင်အား ၆၀၀ ကနေ ၈၀၀ လောက်ရှိတဲ့ဟာကိုပြန်ဖြန့်ပြီးမှ ဖလမ်းနဲ့ ဆူရ်ဘုန်လေဆိပ်ကို ဦးတည်နေပါတယ်။” လို့ ပြောပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာ ကလေး – သိုင်းငင်း – တီးတိန်လမ်း နဲ့ ကလေး – ဝေဘူလ- ဖလမ်း လမ်း အားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ကြားထဲမှာရှိတဲ့ ရှုခင်းသာ ၊ မွာလ်ပီး (Mualpi)၊ ဟီယာန်းဇာန် ( Hiangzang ) သိုင်းငင်း (Taingen) ၊ ဇောင်ကောင် ( zongkong )၊ ဗလုံး ( Valung ) ၊ ထင်းရှုးစခန်း ၊ ပါရ်သဲ ( Parte ) ၊ ခွန်းလီ ( Khungli) ၊ ဆူမ်ဟရန်း ( Sumhrang ) ၊ ဝေဘူလ ( Webulah ) နဲ့ ဗားရ် စတဲ့ နေရာတွေမှာ အင်အား ၂၀ ကနေ ၃၀ ကြားခန့်ဖြင့် ခြေကုပ်ယူတပ်စွဲထားကြတယ်လို့သိရပါတယ်။

အဆိုပါ စစ်ကြောင်စီစစ်ကြောင်းများကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ခုခံ တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိနေပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မြေပြင်ထိုးစစ်အပြင် လေကြောင်းကိုပါ အများအပြားအသုံးပြုလာပြီး မနေ့ည ၁၁ နာရီ ခွဲ ဝန်းကျင်မှာလည်း ဖလမ်းမြို့ပေါ်အပါအဝင် အနီးအနားကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။

သတင်း – Mickey
ပုံအညွှန်း – ဧပြီလ ၁၉ ရက်၊ မနေ့ညက ဖလမ်းမြို့ပေါ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်လူနေအိမ်ပျက်စီးမှု
ဓါတ်ပုံ – ပေးပို့

နောက်ဆုံးရသတင်းများ

ဂျပန်မှာ ၇.၄ ပြင်းအားရှိငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်

ဧပြီ  ၂၀ ၊ ၂၀၂၆ Zalen ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ဒီကနေ့ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး သုံးမီတာ (၁၀ ပေ) အထိရှိသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ...

ဆက်ဖတ်ရန်