ချင်း အပါအဝင် အင်တာနက်ဖြတ်ထားတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်နေတယ်လို့ MIP ထုတ်ပြန်

ဧပြီ ၂၀၊ ၂၀၂၆
Zalen

ချင်းပြည်နယ်အပါအဝင် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသအများစုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်နေတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဧပြီလ ၂၀ ရက် ဒီနေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

MIP က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ကနေ မတ်လအထိ သုံးလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၂၃ ကြိမ် ရှိခဲ့ပါတယ်။

အဲ့ဒီအထဲက ၄၀၆ ကြိမ် နဲ့ ၉၆ ရာခိုင်နှုန်းနီးပါး ဟာ အင်တာနက်ဖြတ်ခံထားရတဲ့ နေရာတွေမှာပဲ ဖြစ်ခဲ့တာပါ။

Zalen ad

တိုက်ခိုက်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကတော့ စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ပြည်နယ်တွေမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာဆိုရင်လည်း မြို့နယ် ၈ မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်း ၁၂ ခုက မြို့နယ်ပေါင်း ၉၉ မြို့နယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၂၈ ဦး အနည်းဆုံး သေဆုံးခဲ့ရပြီး သေဆုံးသူတွေရဲ့ ၉၄ ရာခိုင်နှုန်းဟာလည်း အင်တာနက်ဖြတ်ခံထားရတဲ့ ဒေသတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၀၇ ဦး၊ ကလေး ၅၀ ဦးနဲ့ သက်ကြီးရွယ်အို ၃၀ ဦး ပါဝင်နေပါတယ်။

ဆက်သွယ်ရေးခက်ခဲအောင် လုပ်ထားတဲ့ ဒေသတွေမှာနေရတဲ့ ပြည်သူတွေဟာ လေကြောင်းအန္တရာယ် သတင်းတွေကို ကြိုမသိနိုင်တဲ့အတွက် ထိခိုက်သေဆုံးမှု အန္တရာယ်နဲ့ အဆိုးရွားဆုံး ရင်ဆိုင်နေရတာလို့ MIP က ထောက်ပြထားပါတယ်။

Helen

ပုံအညွှန်း – ဧပြီလ ၁၉ ရက်၊ မနေ့ညက ဖလမ်းမြို့ပေါ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်လူနေအိမ်ပျက်စီးမှု
ဓါတ်ပုံ – ပေးပို့

နောက်ဆုံးရသတင်းများ

မီးလောင်ဗုံးတွေပါ၀င်တဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့်  မင်းတပ်မြို့ပေါ် လူနေအိမ်အများအပြား ပျက်စီး

ဇွန် ၁၇၊၂၀၂၆ Zalen  ချင်းပြည်တောင်ပိုင်း ၊မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေပါအသုံးပြုပြီး ၁၃ ရက်ဆက်တိုက် လေကြောင်းတိုက် ခိုက်ခဲ့တာကြောင့် မြို့ပေါ် လူနေအိမ်တွေ အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်က  မကွေး ၊ မိတ္ထီလာ ...

ဆက်ဖတ်ရန်