စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖလမ်းမြို့ကိုဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်

ဧပြီ ၂၃၊၂၀၂၆

Zalen

Zalen ad

ဒီရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖလမ်းမြို့ကိုဝင်ရောက်နိုင်ပြီဆိုတဲ့ ကောလဟာလများ ထွက်ပေါ်နေပေမယ့် ဖလမ်းမြို့ကို ဆက်လက်ထိန်းချုပ်ထားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမဝင်ရောက်နိုင် သေးကြောင်း CNO ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းတင်မီက Zalen ကိုပြောပါတယ်။

လက်ရှိမှာ ဗားရ်တံတားကျော် ဖလမ်းဘက်ခြမ်း နဲ့ ဆူရ်ဘုန်လေဆိပ် အောက်ဘက်မှာ နှစ်ဖက်တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

“ တိုက်ပွဲကတော့ပြင်းထန်နေပါတယ်။ဒီဘက် ဗားရ်အထက်ပိုင်းမှာတကြောင်း၊ လေယာဉ် ကွင်း အောက်ဘက်မှာတကြောင်း တိုက်ပွဲကတော့ ပြင်းထန်နေတဲ့အခြေအနေမှာရှိပါတယ်။ဖလမ်းမြို့ထဲ မဝင် သေးပါဘူး။” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကိုသိမ်းနိုင်ဖို့ အကြမ်းကြုတ်ဆုံးနဲ့အတက်နိုင်ဆုံး ကြိုးစားနေပြီး နိုင်ငံတကာက တားမြစ်ထားတဲ့ Clauster ဗုံး အထိ အသုံးပြုလာနေတယ်လို့သိရပါတယ်။

“Clauster ဗုံးတွေကတော့ နေရာတိုင်းမှာသုံးတဲ့ပုံစံတော့မဟုတ်ဘူး။ဖလမ်းမြို့သိမ်းတုန်းမှာလည်းသုံးတယ်။ အခု နောက်ပိုင်းဆိုရင်လည်းသုံးလာတာတွေ့ရတယ်။ သူတို့ဘက်ကနေ အကြမ်းကြုတ်ဆုံး၊ အမာဆုံးပုံစံနဲ့ ထိုးစစ် ဆင် လာကြတာဖြစ်ပါတယ်။” လို့ ဆလိုင်းတင်မီက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကိုဝင်နိုင်ဖို့ မြေပြင်ထိုးစစ်အပြင်ကို လေယာဉ်ကနေဗုံးကြဲတိုက်ခိုက်တာ လည်း အများအပြားလုပ်ဆောင်နေတယ်လို့သိရပါတယ်။

“ဒီမနက်ဆိုရင်လည်း မိုးမလင်းခင်ကတည်းကနေ ဆက်တိုက်ကြဲနေပြီပေါ့နော်။ Y12 နဲ့ ဆက်တိုက်ဆက်တိုက်ဘဲ ၊ အခုလည်းကင်းထောက်တေလှည့်နေတယ်။” လို့ ဆလိုင်းတင်မီက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့ကိုမရမက သိမ်းပိုက်ဖို့ ဆက်တိုက်ကြိုးပမ်းနေတာကြောင့် နှစ်ဖက် စစ်ရေး အပြင်းထန်ဆုံးမှာရှိနေပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဘက်ကနေလည်း အတက်နိုင်ဆုံးဆက်လက်ခုခံ တိုက်ခိုက်နေတယ်လို့သိရပါတယ်။

သတင်း – Mickey

#ဖလမ်းမြို့#Clausterboom#Y12#Zalen

နောက်ဆုံးရသတင်းများ

ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ ကူးစက်မှု မြင့်တက်နေ၍ ပလက်ဝနဲ့ ရခိုင်နယ်စပ်မြို့တွေမှာ သတိပြုဖို့ AHD သတိပေး

ဧပြီ ၂၃၊ ၂၀၂၆ Zalen ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေ၍ ချင်းပြည်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့နယ်တွေ အထူးသတိပြုကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ဧပြီ ၂၀ ရက်မှာ သတိပေး ...

ဆက်ဖတ်ရန်