မေ ၆၊၂၀၂၆
Zalen

ကလေးမြို့မှ Non-cdm ဝန်ထမ်းအချို့ဟာ ပထမအသုတ်အနေနဲ့ ဒီနေ့ မေလ ၆ရက်နေ့ မနက်အစောပိုင်းကနေ ကလေးမြို့မှ ဖလမ်းမြို့သို့ သိုင်ငင်းလမ်းတိုင်းမော်တော်ဆိုင်ကယ်များကိုသာ အသုံးပြုပြီး ထွက်ခွါလာကြတယ်လို့ သတင်းရင်းမြစ်ထံမှသိရှိရပါတယ်။
Non-cdm ဝန်ထမ်းအင်းအား ၁၀၀ကျော်ခန့်ရှိပြီး မြို့ရဲ့ သင်းအုပ်ဆရာတော်အချို့တို့လည်း ၎င်းတို့နဲ့အတူလိုက်ပါလာခဲ့ကြတယ်လို့သိရပါတယ်။
စစ်တပ်အသိုင်းအဝိုင်းနီးစပ်သူမှ “ သူ့ဆန်စားရဲရမယ်ဆိုသလိုပေါ့ စကစ လစာစားပြီး အထက်ကခိုင်းတဲ့တိုင်းမလုပ်လို့မရဘူးလေ၊ သူတို့ပြန်ဆိုပြန်ရမှာပဲလေ ၊ဘယ်တတ်နိုင်မလဲ”လို့သူကဆိုပါတယ်။

ကလေး-သိုင်ငင်းလမ်းတလျှောက်ဟာ လက်ရှိချိန်မှာတော့ အကြမ်းဖက်စစ်တပ်စိုးမိုးရာနယ်မြေဖြစ်နေတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ပြန်လည်
ထိန်းချုပ်နိုင်ပြီးကထဲက အစိုးရယန္တရားလည်ပတ်ဖို့လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် အသုံးပြုပြီး ကလေး -ဖလမ်း လမ်းတလျှောက်ကို စစ်ကြောင်းထိုးနေခဲ့ပါတယ်။
အဲ့နောက်မှာတော့ ၎င်းတို့အစိုးရယန္တရားလည်ပတ်နိုင်ရန် ကလေးမြို့ဒစကမှူးက ပြီးခဲ့တဲ့ ဧပြီ ၂၇ရက်နေ့မှာ Non-cdm တွေကိုခေါ်ယူစည်းဝေးလုပ်ခဲ့ပြီး အထက်မိန့်ရတာနဲ့ မြို့သို့ပြန်ပြီးတာဝန်ထမ်းဆောင်ဖို့ ဖိအားပေးတာတွေထိတောင်ရှိတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့နီးစပ်သူများထံမှသိရပါတယ်။
ဖလမ်းမြို့တည်ဆောက်ကော်မတီကလည်း မေလ ၄ရင်နေ့က ဖလမ်းမြို့နဲ့ ဖလမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသူများကို အနှောင့်အယှက် မပြုကြရန်နဲ့ နိုင်ငံတဝန်းတွင် ရောက်ရှိနေထိုင်ကြကုန်သော ဖလမ်းဒေသသူ/သားများအားလုံး ပူးပေါင်းပါဝင်ကြရန် အလေးအနက်ထား တိုက်တွန်းနှိုးဆော်ထားပါသေးတယ်။
လက်ရှိချိန်ထိ ဖလမ်းမြို့နယ်အနီးနားရွာတွေမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်
စစ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
တော်လှန်ရေးဘက်ကလည်း အရပ်သားပြည်သူတွေ ကလေး-တီးတိန်လမ်း မသွားကြဖို့ ထုတ်ပြန်ထားပါတယ်။
Mai
ဓာတ်ပုံ- လူမှုကွန်ယက်















