မေ ၇၊ ၂၀၂၆
Zalen

ဖလမ်းမြို့ အစိုးရအုပ်ချုပ်မှုယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ ပထမသုတ်ဝန်ထမ်းအင်အား ၁၀၀ကျော်နဲ့ သင်းအုပ်ဆရာတော်အချို့တို့ဟာ ဖလမ်းမြို့သို့ ယမန်နေ့ ညနေပိုင်းမှာ အဆင်ပြေပြေရောက်ရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ MRTV မှ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒေသခံ ငြိမ်ချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးကော်မတီမှလည်း ပြန်လည်ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေကို နှောင့်ယှက်ဟန့်တာတာမျိုးမပြုလုပ်ရန်၊ Non-cdm နဲ့ CDM ကြား ပဋိပက္ခမဖြစ်ပဲနေထိုင်ကြရန်နဲ့ အချင်းချင်း အပြစ်မတင်ပဲ နေထိုင်ကြဖို့ကို မေ ၄ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အဆိုပါအကြောင်းအရာများနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့မီဒီယာက ပြည်သူများကကြိုဆိုသည်ဆိုသည့်ကိစ္စတွင် “ လက်ရှိမှာတော့ ပြည်သူဆိုတာ အရပ်သားပေါ့နော် မပြန်ကြသေးပါဘူး ခုပြန်တဲ့သူတွေက ဝန်ထမ်း Non-cdm တွေပါ သင်းအုပ်ဆရာတော်လောက်ပဲ အရပ်သားပါမှာပါ လို့”ဒေသခံတဦးမှ Zalen သို့ပြောပါတယ်။
အလားတူ ဒေသခံတဦးမှလည်း “ ခုချိန်က ကျောင်းဖွင့်ချိန်နီးပြီမို့ ကလေးပညာရေးတွက် မပြန်ဖြစ်သေးတဲ့သူတွေများမှာပါ တချို့ကလည်း ရောက်တဲ့နေရာမှာ စီးပွါးရေးတွေ အထိုင်ကျနေပြီဆိုတော့ ချက်ချင်း ဝုန်းဒိုင်းတော်ရုံဘယ်သူမှ မပြန်နိုင်ကြသေးပါဘူး” လို့ ဆိုပါတယ်။
CDM ဝန်ထမ်းတဦးမှလည်း “ အချိန်တွေကြာပြီးဆုံးရှုံးအနစ်နာခံခဲ့ရပြီး အရာမထင်ခဲ့တဲ့ တော်လှန်ရေးကြီးကို အားမရကြောင်းနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲရက်စက်မှုကြောင့် အိုးအိမ်ပျက်စီးပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေ အသက်ပေးခဲ့ရတဲ့တော်လှန်ရေးဘက်ကရဲဘော်တွေကို အားနာမိပြီး စိတ်မကောင်းဖြစ်ရတယ် ဘုရားက မျက်နှာလိုက်တယ်လို့ “ရင်နင့်ဖွယ် ဆိုလာပါတယ်။
ဒေသခံအမျိုးသားတဦးမှလည်း “ ပြန်မယ်ဆိုတာကတော့ပျော်ပါတယ် ဒါမဲ့ မအလတွေက အရင်လည်း မြို့ထဲပစ်ခတ်ကြရင် သူတို့ ငါတို့ပြည်သူဘာညာဂရုမစိုက်ဘူး တလရရဲဘော်တွေကတာ ညာတာပြီး ရှောင်ပေးကြတာ အဲ့မအလတွေက ရမ်းသန်းပစ်တာတွေရှိတာမို့ ငါတော့မပြန်ရဲသေးဘူးဟေ့ ပြီးတော့ အဲ့မအလတွေ ပြည်သူကိုတကယ် ကြည့်တယ်ဆိုရင် မြို့ထဲကိုဘာလို့ဗုံးကြဲနေတာလည်း အိမ်တွေအရမ်းပျက်စီး သွားပြီလေလို့ “ဆိုပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါးလမ်းပိုင်းက Țaal ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ ရန်သူတပ်အင်အား ၁၅၀ ခန့်ဟာ Laikua ဘက်သို့ ဆက်လက်ဦးတည်သွားနေပြီး Laikua မှတဆင့် Lairal ၊ Tio နှင့် Rihkhawdar ဘက်သို့ ဆက်လက်လှုပ်ရှားနိုင်သည့်အပြင် Falam မှ Tibual နှင့် Rihkhawdar ဘက်သို့ စစ်ကြောင်းဆက်လက်ရွှေ့ရန် စီစဉ်နေတဲ့ သတင်းများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။
ချင်းပူးပေါင်းတော်လှန်ရေးရေးတပ်ဖွဲ့တွေ၊ ကလေး-သိုင်းငင်းလမ်း၊ သိုင်းငင်း-တီးတိန်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေ ၅ရက်နေ့ကလည်း ကလေး-သိုင်းငင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ချင်းတော်လှန်ရေးတပ် CDF CDM Siyin က မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့တာတွေရှိခဲ့ပါတယ်။
Mai
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲချမှုကြောင့် ဖလမ်းမြို့နဲ့ မြို့နယ်ကျေးရွာအချို့ မှ ဘုရားကျောင်း၊ ဆေးရုံ၊ အရပ်သားပြည်သူ့နေအိမ်၊ အစိုးရအဆောက်အဦးပျက်စီးနေတဲ့ ပုံများ။
#Falam#ဖလမ်းမြို့#ပြည်သူ့စကားသံ#Zalen
















