တီးတိန်မြို့နယ်၊ ဖူနွမ်းရွာက AG ဘုရားကျောင်း ဗုံးကြဲခံရပြီး PDF-Zoland ရဲဘော်တွေနဲ့ အရပ်သား ဆယ်ဦးခန့် ကျဆုံး

မေ ၇၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက Phunom (ဖူနွမ်း) ကျေးရွာမှာ မေလ ၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ PDF-Zoland ရဲဘော် ခုနှစ်ဦးနဲ့ အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။

မနေ့က ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက Phunom ရွာထဲကို ဒရုန်းနဲ့ ဗုံးသီး သုံးလုံး ကြဲချခဲ့ပေမယ့် ဗုံးတစ်လုံးပဲ ပေါက်ကွဲပြီး နှစ်လုံးက မပေါက်ခဲ့ဘူးလို့ သိရပါတယ်။

ညနေ ၆ နာရီလောက်မှာ ဒုတိယအကြိမ် ဖူနွမ်းရွာထဲရှိ AG ဘုရားကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့်ဘုရားကျောင်းနားမှာ ရှိနေကြတဲ့ PDF-Zoland တပ်ဖွဲ့၀င် အမျိုးသမီးရဲဘော် လေးဦးနဲ့ အမျိုးသားရဲဘော် သုံးဦးအပြင် ထမင်းချက်ပြုတ်ပေးတဲ့ အရပ်သား သုံးဦးလည်း သေဆုံးခဲ့ရပါတယ်။

Zalen ad

ဗုံးထိမှန်မှုကြောင့် AG ဘုရားကျောင်းတခုလုံး မီးလောင်ပြာကျသွားခဲ့ရတာပါ။

” ဖူနွမ်းရွာက ကနေဒီနဲ့ ၅မိုင်လောက်ဝေးတယ်၊ အောက်ဖက်က ရွာပေါ့နော်။ AG ဘုရားကျောင်းကလည်း အောက်ဘက်နားမှာပဲ ရှိတာ၊ သတင်းပေးရှိလို့ တိတိကျကျကို ဒရုန်းနဲ့ ချသွားတာ။ စုစုပေါင်း ၁၀ဦး ပေါ့နော်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယါ။

ဖူနွမ်းရွာထဲက သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

မေ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ကနေဒီတောင် စခန်းကို ပြန်လည်နေရာယူနိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးအနေနဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ အနီးအနား နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်နေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်