ကျောက်ထု မြောက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ လေကြောင်း ကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

မေ ၈ ၊၂၀၂၆
Zalen

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊‌ ဆောမြို့နယ် ၊ကျောက်ထု ဒေသအတွင်း ဒီကနေ့ မေလ ၈ ရက်နေ့ ၊ ညသန်းခေါင်ကျော် ၁၂ နာရီ ခွဲ၀န်းကျင်မှာ စစ်ကောင်စီတပ် ကလေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှု‌ မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ၁ ကြိမ် ဗုံးကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုရပါတယ်။

ဒေသခံတစ်ဦးပြောတာက”ပန်းဆန် အနောက် တောင်ဘက် စွန်တောင်ခင်ရိုးကိုပစ်တာ။နယ်စပ်နေရာတွေပေါ့ ” လို့ Zalen ကိုပြောပါတယ်။

Zalen ad

‌မနေ့က မေလ ၇ ရက် နေ့တုန်းကလည်း ပန်းဆန် မြောက်ဘက် နတ်ထိပ်ကုန်းနေရာတွေကို ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။

မေလ ၅ ရက် နဲ့ ၄ ရက်နေုတုန်းကလည်း ဆောနယ် ကိုစစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ပစ်ခတ်ခဲ့ပြီး ကျောက်ထုနယ်ကိုလည်း လေကြောင်းနဲ့ ဆက်တိုက် ရိက္ခာဖြည့်၊ ‌ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်