ဟုမ္မလင်းနယ်မှာ NUG အစိုးရစိုးမိုးနယ်မြေအတွင်းက ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ဇွန် ၄၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စိုးမိုးနယ်မြေအတွင်းက ကလေးသူငယ်များကို ကာကွယ်ဆေးထိုနှံပေးခြင်းများဆောင်ရွက်နေတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့က ယနေ့ ဇွန်လ ၄ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။

အဲဒီလို ကာကွယ်ဆေးထိုးနှံပေးမှုတွင် စိုးမိုးနယ်မြေအတွင်းက ယခုလတွင် ကလေးငယ်စုစုပေါင်း (၁၃၄) ဦးတို့ကိုကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တာဖြစ်ပြီး ‌အရပ်သားပြည်သူများရဲ့ကလေးငယ် (၁၁၂ဦးနဲ့ တော်လှန်ရေးရဲဘော်များရဲ့ သားသမီး (၂၂) ဦးတို့ကို ထိုးနှံပေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဟုမ္မလင်းမြို့နယ်၊ အမျိုးသားညီညွရေးအစိုးရ(NUG) စိုးမိုးနယ်မြေအတွင်းက ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကိုလစဥ်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

Zalen ad

အခုလို ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို လစဉ်မပျက်မကွပ် ထိုးနှံပေးနိုင်ရန် အရေးပေါ်(ဗဟို)အုပ်ချူပ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုများအားလုံး ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း အများပြည်သူများကိုအသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – SP

ပုံစာ – ဟုမ္မလင်းနယ် NUG စိုးမိုးနယ်မြေအတွင်းရှိကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံနေပုံ။

ဓာတ်ပုံ – ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချူပ်ရေး

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ် လိုင်တွီးနဲ့ လင်တန်ရွာကြားမှာ တိုက်ပွဲပြင်းထန်

ဇွန် ၄ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laaitui) ရွာအနီးမှာ CDF ဟွာလ်ငိုရမ်အဖွဲ့နဲ့ ZRA အဖွဲ့တို့ ဒီကနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ...

ဆက်ဖတ်ရန်