တီးတိန်မြို့နယ် လိုင်တွီးနဲ့ လင်တန်ရွာကြားမှာ တိုက်ပွဲပြင်းထန်

ဇွန် ၄ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laaitui) ရွာအနီးမှာ CDF ဟွာလ်ငိုရမ်အဖွဲ့နဲ့ ZRA အဖွဲ့တို့ ဒီကနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲက လိုင်တွီးရွာနဲ့ လင်တန် (Lentlang) ရွာအထွက်မှာရှိတဲ့ မီးသတ်ရုံးအနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တီးတိန်မြို့နဲ့ ၂၈ မိုင်ဝေးတဲ့ လိုင်တွီးရွာဟာ အိန္ဒိယ- မြန်မာနယ်စပ် ရိခေါဒါရ်မြို့သွားရာ လမ်းပေါ်မှာ တည်ရှိနေတာပါ။

Zalen ad

ဒါကြောင့် ZRA တပ်ဟာ CDF ဟွာလ်ငိုရမ် ထိန်းချုပ်ထားတဲ့ ရိခေါ်ဒါရ်မြို့ကို စစ်ကောင်စီ ပြန်ရရေး စစ်ကြောင်းထိုးဖို့ လုပ်ရှားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

” ဟိုတပတ်ကလည်း သေနတ်သံတွေကြားရတယ်လေ၊ စကစလည်း စစ်ကြောင်းထိုးမယ်လို့ ကြားထားတယ်။ ZRA က ရှေ့ပြေးအနေနဲ့ ဖြစ်မှာပါ။ လိုင်တွီးနားမှာတော့ ဒီမနက် ၇ နာရီမှာစ ဖြစ်နေကြတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေဟာ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အရင်က ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ကို စစ်ကောင်စီတပ်နဲ့ ZRA ပူးပေါင်းစစ်ကြောင်းက လေကြောင်းပစ်ကူ၊ ဒရုန်းအမြောက်အမြား အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့လို့ ၂၀၂၆ ၊ မေ ၁၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

Mary

ဓာတ်ပုံ – ပုံဟောင်း

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ-ထိုင်း လမ်းကြောင်းပြန်ဖွင့်ရေး ဆွေးနွေးပြီးနောက် CNO/CNDF UCR ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရ

ဇွန် ၄၊ ၂၀၂၆Zalen စစ်ကောင်စီလေတပ်ဟာ ဇွန်လ ၃ ရက် ညသန်းခေါင်ချိန်တွင် စစ်ကိုင်းတိုင်း၊ တမူး-ကလေးမြို့ကြားမှာတည်ရှိတဲ့ ခမ်းပတ်မြို့အနီး CNO/CNDF UCR ဌာနချုပ်နဲ့ ရာဇာဂြိုလ်မြို့အနီးတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ အဆိုပါ ...

ဆက်ဖတ်ရန်