စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေး

ဇွန် ၁၆၊ ၂၀၂၆
Zalen

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဒီနေ့မနက်ပိုင်းမှာ ပေကျင်းမြို့ရှိ Great Hall of the People မှာ တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ သွားရောက်တာဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာစေဖို့ မျှော်လင့်ထားကြောင်း တရုတ်အခြေစိုက် Global Times သတင်းမှာ ဖော်ပြထားပါတယ်။

Zalen ad

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတနဲ့ တွေ့ဆုံချိန်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေထိန်းချုပ်မှုကြောင့် ရပ်တန့်သွားတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကိစ္စတွေကို အဓိက ဆွေးနွေးနိုင်ခြေ ရှိနေပါတယ်။

ဒါ့အပြင် တရုတ်ဘက်က အစဉ်တစိုက်ပြောဆိုနေတဲ့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စနဲ့ ရှမ်းမြောက်ဒေသအပါအဝင် ပဋိပက္ခဇုန်တွေကို ဖြတ်သန်းသွားတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအောက်က ရပ်ဆိုင်းနေတဲ့ စီမံကိန်းတွေအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ မြန်မာနဲ့တရုတ်ဟာ အိမ်နီးချင်းတွေဖြစ်တာကြောင့် အပြန်အလှန်ဖေးမတဲ့ ဆက်ဆံရေးရှိထားပြီးဖြစ်ကြောင်း ဒီခရီးစဉ်မတိုင်ခင်ကတည်းက ပြောကြားထားခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရှီနဲ့ တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံရဲ့ ဒုတိယမြောက်အာဏာအရှိဆုံးပုဂ္ဂိုလ်လို့ ဆိုနိုင်တဲ့ ဝန်ကြီးချုပ် လီချန်နဲ့လည်း မွန်းလွဲပိုင်းမှာ ထပ်မံတွေ့ဆုံဖို့ ရှိနေပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ်ဖြစ်တဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအာဏာယူပြီးနောက် ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ အခုလို တရုတ်နိုင်ငံကို ထပ်မံသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ အရှိန်မြှင့်နေတဲ့ ကလေးမြို့မှာ စစ်တပ်လူကြီးသားကို ဖမ်းမိတဲ့ အုပ်ချုပ်ရေးမှူး ပြန်အဖမ်းခံရ

ဇွန် ၁၆၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အရင်ကထက် သိသိသာသာ ပိုများလာနေပြီး အခြေအနေ ဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို ပေါ်တာဆွဲတာတွေ အရှိန်မြှင့်နေတုန်း ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ...

ဆက်ဖတ်ရန်