မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ ပြင်ဆင်

ဇူလိုင် ၃၊ ၂၀၂၆

Zalen

Zalen ad

ကချင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လာမယ့် ၈ နှစ်ခန့်အတွင်း အပြီးသတ် တည်ဆောက်သွားဖို့ စစ်ကောင်စီက ရည်မှန်းချက်ထားရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ မကြာသေးမီက ပြုလုပ်ခဲ့သော တရုတ်နိုင်ငံခရီးစဉ်အပြီး ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်လာတာဖြစ်ပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်ကလည်း ရှည်လျားစွာ စောင့်ဆိုင်းခဲ့ပြီးနောက် အမြန်ဆုံး ပြန်လည်စတင်ဖို့ ဆန္ဒရှိနေပါတယ်။

လက်ရှိ စီမံကိန်းဆိုင်ရာ တရားဝင်ကြေညာချက်ကို မကြာမီထုတ်ပြန်တော့မယ်ဖြစ်ကြောင်းနဲ့ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်ကလည်း ဒီစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ အတည်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ဒီစီမံကိန်းဟာ အရေးပါကြောင်း ပြောဆိုပါတယ်။

စီမံကိန်းတခုလုံး အောင်မြင်စွာ ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၆ ဂီဂါဝပ် (GW) အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ၎င်းပမာဏ ဟာ လက်ရှိနိုင်ငံတော်ရဲ့ လိုအပ်ချက် ထက်ဝက်ကျော်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒေသခံပြည်သူအများစုနှင့် ပညာရှင်အချို့ကတော့ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်နေဆဲဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) ရဲ့ ခန့်မှန်းချက်တွေအရ စီမံကိန်းအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၁.၅ ဘီလီယံအထိ မြင့်တက်လာနိုင်ပြီး ၂၀၀၉ ခုနှစ်က လျာထားချက်ထက် ၃ ဆကျော် ပိုမိုများပြားလာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ငလျင်ကြောပေါ်မှာ တည်ရှိနေတဲ့ ဆည်ကြီးတည်ဆောက်ရေးအတွက် ဒေသခံတွေက အထူးစိုးရိမ်လျက်ရှိပါတယ်။

အဲဒီစိုးရိမ်မှုတွေကို တုံ့ပြန်သည့်အနေဖြင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်က ဇွန်လ ၂၃ ရက်နေ့ အစည်းအဝေးမှာ အာမခံချက်ပေး ပြောကြားခဲ့ပါတယ်။

အရင်စီမံကိန်းဟောင်းနဲ့ မတူဘဲ အခုခေတ်မှာ တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် နည်းပညာအသစ်တွေကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် အန္တရာယ်တွေကို ခံနိုင်ရည်ရှိမှာလို့ သူက ဆိုပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ဒေသခံတွေရဲ့ အိုးအိမ်စွန့်ခွာရမယ့် အခြေအနေနဲ့ ရေလွှမ်းမိုးမှုဆိုင်ရာ စိုးရိမ်ချက်တွေကို အလေးထားချိန်ဆနေပြီး ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို မျှခြေဖြစ်အောင် သုံးသပ်နေတယ်လို့ အစိုးရဘက်က ပြောဆိုပါတယ်။

လက်ရှိမှာ စီမံကိန်းအတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိစေဖို့ ရည်ရွယ်၍ ကချင်ပြည်နယ်တဝန်းမှာ တွေ့ဆုံဆွေးနွေးပွဲပေါင်း ၂၀ ကျော်ကို ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့လည်း စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်နေတဲ့ အသံများမှာမူ ငြိမ်သက်သွားခြင်း မရှိသေးပေ။

လူထုအခြေပြုအဖွဲ့အစည်း ၄၉ ဖွဲ့က မေလ ၅ ရက်နေ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ဒီစီမံကိန်းဟာ ပြည်သူအတွက် အကျိုးအမြတ်မရှိတဲ့အပြင် အသက်အိုးအိမ်စည်းစိမ်ကိုသာ ထိခိုက်စေနိုင်တဲ့အတွက် လုံးဝရပ်ဆိုင်းဖို့ ဆက်လက်တောင်းဆိုထားပါတယ်။

စီမံကိန်းပြီးစီးပါက ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို ပို့ဆောင်မှာဖြစ်တဲ့အတွက် ပြည်တွင်းအကျိုးစီးပွားထက် ပြည်ပလွှမ်းမိုးမှုနဲ့ ပတ်ဝန်းကျင် ပျက်စီးမှုကိုသာ ပိုမိုစိုးရိမ်နေကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တရားဝင်ကြေညာချက် ထွက်ပေါ်လာချိန်မှာ ယင်းကန့်ကွက်မှုတွေနဲ့ ပတ်သက်၍ အစိုးရအနေနဲ့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသွားမယ်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုးကား-ဘန်ကောက်ပိုစ့်

သတင်း-ဆလိုင်း

#ကချင်ပြည်နယ် #မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း #ပြန်လည်စတင် #စစ်ကောင်စီ #Zalen

နောက်ဆုံးရသတင်းများ

မက္ကဆီကိုမြို့ငယ်က ရိုးရာအခမ်းအနားတခုတွင် ကေမန် (caiman) မိကျောင်း ကို သတို့သမီးအဖြစ် လက်ထပ်

 ဇူလိုင် ၃၊ ၂၀၂၆ Zalen မက္ကဆီကိုနိုင်ငံ ဆန်ပက်ဒရို ဟွာမာ်လူလာ၊ အိုအာဟာကာ(San Pedro Huamelula) မြို့ငယ်ရှိ မြို့တော်ဝန်ဟာ ဒေသခံတို့ရဲ့ ရှေးဟောင်းရိုးရာယဉ်ကျေးမှုအရ ကေမန် (caiman) မိကျောင်း ကို သတို့သမီးအဖြစ် လက်ထပ်တဲ့ ...

ဆက်ဖတ်ရန်