မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆
Zalen

မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ မဖြစ်ပွားအောင် ကာကွယ်ပေးခြင်းကသာ အဆိုပါဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာက ဇူလိုင် ၄ ရက်မှာ မက်ဂါလယပြည်နယ် ရှီလောင်းမြို့မှာ ကျင်းပခဲ့တဲ့ အရှေ့မြောက်ဒေသကောင်စီ (NEC) အစည်းအဝေးပြင်ပမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ယခုလိုပြောကြားခဲ့ ခြင်းဖြစ်ပြီး အဆိုပါ ပြောဆိုချက်ကို CHRO က ဇူလိုင် ၃ ရက်နေ့မှာပြန်လည်မျှဝေပြီးယခုလိုတိုက်တွန်း ထားတာဖြစ်ပါတယ်။

မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာက မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာလာသူတွေ အများအပြား မီဇိုရမ်ကို ရောက်ရှိနေပြီး၊ လုံခြုံရေးအတွက် ခိုလှုံရာရှာဖွေသူတွေ ထပ်မံရောက်ရှိလာနိုင်သေးတာကြောင့် ယင်းအခြေအနေဟာ မီဇိုရမ်ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Zalen ad

CHRO က ထုတ်ပြန်ချက်မှာ မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ ဒုက္ခသည်အများအပြားကို လက်ခံထားရတဲ့ ဒေသခံအသိုက်အဝန်းတွေအပေါ် ဖိအားများလာနေတယ်ဆိုတဲ့ အခြေအနေကို မှန်ကန်စွာ ထောက်ပြထားတာဖြစ်ပေမယ့်၊ အဲဒီဖိအားကို လျှော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်းက အတင်းအကျပ် နေရပ်စွန့်ခွာရတဲ့ အခြေအနေတွေကို အစကတည်းက တားဆီးနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

CHRO အဆိုအရ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မိသားစုထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ချင်းပြည်နယ်အတွင်း နေရပ်စွန့်ခွာနေသူတွေနဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိုမိုအားကောင်းစွာ ပံ့ပိုးပေးနိုင်မယ်ဆိုရင် မိသားစုအများအပြားဟာ ကိုယ့်ရပ်ရွာမှာပဲ လုံခြုံစွာ ဆက်လက်နေထိုင်နိုင်မှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးရမှုကိုလည်း လျှော့ချနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အရပ်သားတွေကို မူလနေရာမှာပဲ ကာကွယ်ပေးနိုင်ရေးဟာ လူသားချင်းစာနာထောက်ထားမှုအရ လိုအပ်ချက်တခုသာမက ဒေသတွင်း တည်ငြိမ်ရေးအတွက်လည်း အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်လို့ CHRO က ထောက်ပြထားပြီး၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒေသခံ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေကို ပိုမိုကူညီပံ့ပိုးကာ အကျပ်အတည်းရဲ့ မူလအကြောင်းရင်းကို ဖြေရှင်းနိုင်ရေးအတွက် ပိုမိုဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိမှာမီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား စစ်ဘေးရှောင်ဦးရေမှာ ၃၀,၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

သတင်း – Mickey

#Mizoram #CHRO #PuLalduhoma #မြန်မာစစ်ဘေးရှောင် #Zalen

နောက်ဆုံးရသတင်းများ

၄ လအတွင်း ထိုင်းကို မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ဝင်ရောက်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ စစ်မှုထမ်းဥပဒေတို့ကြောင့် အခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်းမှာပင် မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခဲ့ဝယ်လို့ ...

ဆက်ဖတ်ရန်