သံတွဲမြို့နယ်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၄၀ ကျော် ပျက်စီး

Zalen

အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာမှာ လေဆင်နှမောင်း တိုက်ခိုက်ပြီး လူနေအိမ် ၄၀ ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက Zalen ကို ပြောပါတယ်။

မနေ့က ဇူလိုင်လ ၅ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်ခန့်မှာ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာနဲ့ ကျေးရွာ အနီးအနားဝန်းကျင်တွေမှာ အင်အားပြင်း လေဆင်နှာမောင်းတခု ရုတ်တရက် ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“မနေ့ညနေပိုင်းလောက်က စပြီး လေပြင်းတိုက်တာပါ။ တခြားရွာဘက်မှာလည်း တိုက်တယ်။ ဒါပေမဲ့ ပိန်းတောကြီးရွာမှာတော့ ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်။ နေအိမ်တွေ အတော်လေး ပျက်စီးသွားတယ်”လို့ သံတွဲဒေသခံတဦးက Zalen ကို ပြောပါတယ်။

အဲဒီလေပြင်း တိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ လူနေအိမ် ၄၅ လုံးခန့်မှာ လုံးဝပျက်စီးသွားခဲ့ပါတယ်။

နေအိမ်တွေ ပြိုကျပျက်စီးမှုကြောင့် ဒေသခံ ၂၀၀ ကျော်မှာလည်း လက်ရှိအချိန်မှာ နေထိုင်စရာနေရာမရှိတော့ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“အရေးပေါ် နေရာစရာ လိုအပ်တယ်။ တချို့ကျ အသိတွေ၊အမျိုးတွေဆီ ကပ်နေတယ်။ ဒါပေမဲ့ မိသားစုဝင်များတဲ့သူတွေက အဆင်မပြေဘူး။ လောဆယ် အဆင်ပြေသလို နေကြတယ်။ ပျက်စီးသွားတဲ့ အိမ်တွေက အစကနေ ပြန်ပြင်ရအုံးမယ်။ အမိုးလှန်နေတဲ့ အိမ်တွေရှိတယ်။”လို့ သံတွဲဒေသခံတဦးက Zalen ကို ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေအတွက် စားဝတ်နေရေးနဲ့ နေထိုင်ရေးဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေပြီး ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ပြည်နယ်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တယ်လို့ စစ်ကောင်စီရဲ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း-ခူမီး
ပုံ-APM

#ရခိုင်ပြည်နယ်တောင်ပိုင်း #သံတွဲမြို့နယ် #ပိန်းတောကြီးကျေးရွာ #လေဆင်နှမောင်းတိုက်ခိုက် #လူနေအိမ်ပျက်စီး

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုံရွာ-ကလေးဝလမ်းပိုင်းရှိ ယာဉ်များကို ထွန်စက်များဖြင့် ဆွဲထုတ်နေရ

ဇူလိုင်  ၆၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ မုံရွာ-ကလေးဝလမ်းပိုင်းဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခရီးသည်တင် ကားများနဲ့ ကုန်တင်ကားများ အသွားအလာ အခက်အခဲဖြစ်နေတယ်လို့ ဒေသအတွင်းသတင်း ရင်းမြစ်များ ထံမှသိရပါတယ်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အဲဒီ မုံရွာ-ကလေးဝ ...

ဆက်ဖတ်ရန်