မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုံရွာ-ကလေးဝလမ်းပိုင်းရှိ ယာဉ်များကို ထွန်စက်များဖြင့် ဆွဲထုတ်နေရ

ဇူလိုင်  ၆၊  ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ မုံရွာ-ကလေးဝလမ်းပိုင်းဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခရီးသည်တင် ကားများနဲ့ ကုန်တင်ကားများ အသွားအလာ အခက်အခဲဖြစ်နေတယ်လို့ ဒေသအတွင်းသတင်း ရင်းမြစ်များ ထံမှသိရပါတယ်။

ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အဲဒီ မုံရွာ-ကလေးဝ လမ်းပိုင်းမှာ ချောင်းရေများ လျှံတက်နေလို့ လမ်းတံတားတွေရေနစ်မြုပ်နေပြီး ခရီးသည်တင်ကားများနဲ့ ကုန်တင်ကားများ အသွားအလာ ခက်ခဲနေပြီး ခရီးကြန့်ကြာမှုများရှိနေတယ်လို့ ဆိုပါတယ်။

ဒေသသတင်းများအရ ” မိုးများလွန်းနေတာကြောင့် တောင်ကျချောင်းဖြစ်တဲ့ ဥပုဒ်ချောင်း သံတံတား ချောင်းတွေ မှာ ကလေးမြို့၊ တာဟန်းဘက်ကနေစွန့်ပစ်တဲ့အမှိုက်တွေက ရေလမ်းကြောင်းကိုပိတ်ဆို့နေလို့ လမ်း၊ တံတားတွေ ရေလျှံတက်နေကာ ကားတွေ အခုလိုအသွားအလာ ခက်ခဲနေတာ” လို့ သေသတင်းအရင်းအမြစ်က ဆိုပါတယ်။

မိုးများအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ယခင်ကတည်းက လမ်းဆိုးနေတဲ့ မဟာမြိုင်လမ်းဟာ ပိုမိုဆိုးရွားလာနေပြီး နွံအိုင်ကြီးတွေရှိနေပြီး ကားလေး တစီး‌ခန့် နစ်မြုပ်နိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဗွက်တောအတွင်းမှာ လမ်းလျှော်ကာ ကားတွေလဲတာ၊ မောက်တာလည်းအများအပြားရှိနေပြီး ယခင်က မိုးများရင်  ၅၃မိုင်၊ ၅၆မိုင် ပျဉ်းကိုင်းတောင်ပေါ်တွေက ဗွတ်တန်းရှည်ကြီးထဲမှာ ဒုက္ခရောက် နေကြရတာဖြစ်ပြီး အခုအခါ အောင်းချမ်းသာကွင်းလမ်းတွေက ပိုဆိုးနေပြီး တာဝါတိုင်နားက အဆိုးဆုံးလို့ သိရပါတယ်။

အခုလို မုံရွာ-ကလေးဝလမ်းပိုင်း လမ်းအလွန်ဆိုးရွားနေတာကြောင့် ယခင်က ထွန်စက် ၁၀စီးတာနဲ့ဆွဲခဲ့ ပေမယ့် ၁၀ စီးထပ်မံရောက်လာကာ အစီး ၂၀ လောက်နဲ့ ကျွံနေတဲ့ ကားများကိုဆွဲထုတ်နေ ကြတာဖြစ် ပါတယ်။

တဘက်မှာလည်း ထွန်စက်နဲ့ဆွဲထုတ်ရတဲ့ဈေးက ငွေကျပ် ၁သိန်း၊ ၂သိန်းကနေ ၇သိန်းထိ ဈေးမြင့်တက်လာနေသလို ဂိတ်ကြေးပါပေးဆောင်နေရတာကြောင့် ကားသမားတွေအတွက် ဘာမှ မကျန်ဖြစ်နေကြလို့ ညီးညူနေကြတယ်လို့ အဲဒီသတင်းအရင်းအမြစ်ကဆိုပါတယ်။

အဲဒီလို မိုးရွာသွန်းမှုကြောင့် လမ်းပိတ်ဆို့နေလို့ ကလေးဝနဲ့ကလေးမြို့ မှာ ကားအဝင်ကျဲနေပြီး ကုန်ဈေးနှုန်း တွေမြင့်တက်နေပြီး ကြက်သား အစိတ်သား ၁၄,၀၀၀ ကျပ်ထိပေးဝယ်နေကြရပြီး ကြက်သား ပြတ်လပ်တဲ့ နေ့တွေလဲ ရှိနေတယ်လို့ဆိုပါတယ်။

ယင်း မုံရွာ-ကလေးဝလမ်းပိုင်း ကားအသွားအလာပိတ်ဆို့နေတာကြောင့် အာဖတ်နိဗ္ဗာန်ယာဉ်တစီးပါ ပိတ်မိကာ ထွက်လို့မရဘဲ ကားမှာပါလာတဲ့ လူသေအလောင်းလည်း အပုပ်နံ့ထွက်နေတယ်လို့ သိရပါတယ်။

အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ မန္တလေးနဲ့ ကလေး ကြားကို ၄ရက်ခရီးခန့်သွားနေရသလို ဆီဘောက်ဆာကားတွေလည်း ဆက်သွားလို့မရဘဲ ပိတ်မိနေကြပြီး မိုးဆက်လက်ရွာသွန်းနေပါက မုံရွာ-ကလေးဝကြားက မဟာမြိုင်လမ်းကြောင်းဟာ ပိုမိုဆိုးရွားနိုင်တယ်လို့ ဆိုပါတယ်။

သတင်း – DawWin

ပုံစာ-မဟာမြိုင်လမ်းမှာပိတ်မိနေတဲ့ကားများအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

သံတွဲမြို့နယ်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၄၀ ကျော် ပျက်စီး

Zalen အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာမှာ လေဆင်နှမောင်း တိုက်ခိုက်ပြီး လူနေအိမ် ၄၀ ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက Zalen ကို ပြောပါတယ်။ မနေ့က ဇူလိုင်လ ၅ ...

ဆက်ဖတ်ရန်