ကလေးမြို့တွင် လူနေအိမ် တစ်လုံး မီးလောင်

ကလေးမြို့ အောင်သစ္စာရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်ကဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားတယ်လို့ ကလေးပြန်၊ဆက်ကဖော်ပြထားပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အရန်မီးသတ်အင်အား ၁၀ ဦးနဲ့ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်ပါတယ်။

မီးလောင်မှုဖြစ်ပွားသော နေအိမ်မှာ အပေါ်ထပ် ပျဉ်ခင်းပျဉ်ကာ၊ အောက်ထပ် အုတ်ညှပ်နံရံကပ်နှင့် သွပ်မိုးအိမ် နှစ်ထပ် အဆောက်အအုံဖြစ်ပြီး မိသားစုဝင် ခုနစ်ဦးနေထိုင်ကြကာ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက သတင်းအေဂျင်စီ ၃ ခုရဲ့ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်း

ဧပြီ ၂၄၊ ၂၀၂၆Zalen အာဏာသိမ်း စစ်ကောင်စီ ချင်းအခြေစိုက် သတင်းဌာန နှစ်ခု အပါအ၀င် သတင်းမီဒီယာ သုံးခုကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ဧပြီ ၂၃ ရက်နေ့က ကြေညာပါတယ်။ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပုံနှိပ်ခြင်းနဲ့ ...

ဆက်ဖတ်ရန်