လိုင်လင်းပီလေယာဉ်ကွင်းငယ်ကို လာမယ့်နှစ် နှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ရန်ပြင်ဆင်နေ

မတူပီမြို့နယ်၊ လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၁ ခုနှစ် မတ်လတွင် အပြီးသတ်နိုင်အောင် ပြင်ဆင်နေတယ်လို့ MAF Myanmar အထွေထွေအတွင်းရေးမှူး ခေါင်ဒီးရမ်က ဆိုပါတယ်။

လိုင်လင်းပီလေယာဉ်ကွင်းငယ်ဟာ MAF Myanmar ရဲ့ထောက်ပံ့ငွေ ကန် ဒေါ်လာ ၂.၂သန်း နဲ့တည်ဆောက်နေတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မေလတွင် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ပြီး လုပ်ငန်းမရပ်နားမီ တစ်လအလို ဒီနှစ် ဧပြီလအထိ လုပ်ငန်းပြီးစီးမှုက ၇၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

လိုင်လင်းပီလေယာဉ်ဟာ မိုးတွင်းကာလဖြစ်တဲ့ မေလကုန်ကနေ အခုထိတည်ဆောက်ရေးလုပ်ငန်းရပ်နားထားပြီး မိုးရာသီကုန်တဲ့ချိန်မှာ လုပ်ငန်ပြန်စနိုင်ဖို့ ပြင်ဆင်နေကြကြောင်း MAF Myanmar ကထုတ်ပြန်ထားပါတယ်။

Zalen ad

MAF Myanmar အထွေထွေအတွင်းရေးမှူး ခေါင်ဒီးရမ်က “လာမယ့် နှစ်ဆန်း ၂ လပိုင်း မဟုတ်ရင် ၃ လပိုင်းမှာ အားလုံးအပြီးသတ်နိုင်အောင်ပြင်ဆင်နေကြတယ်။ တည်ဆောက်ရေးလုပ်ငန်းရပ်ထားတာ ၅ လပိုင်းကုန်ကရပ်ထားတယ်။ ပြန်စဖို့က မိုးတွင်းကုန်တဲ့ သင့်တော်တဲ့အချိန်မှာဖြစ်မယ်။ လေယာဉ်ကွင်းငယ်တည်ဆောက်ရေးကာလမှာ အခက်အခဲကတော့ ကိုဗစ်-၁၉ ဖြစ်လာတော့ တည်ဆောက်ရေးမှာလိုအပ်တဲ့ ပစ္စည်းပစ္စယတွေဝယ်လို့မရတော့တဲ့အခြေအနေ သယ်လို့မရတော့တဲ့အခြေအနေဖြစ်သွားတော့ တော်တော်လေးအခက်အခဲဖြစ်တယ်။ လေယာဉ်ကွင်းငယ် ပြေးလမ်း ၂ နေရာမှာ မမျှော်လင့်ပဲ ကျောက်ဆောင်ကြီးကြီးတွေ့တယ်။ ကျောက်ဆောင်ဖြိုဖို့လိုအပ်တဲ့ပစ္စည်းသယ်ဖို့ ကိုဗစ်ဖြစ်လာတဲ့နောက်ပိုင်းဘာမှသယ်လို့မရတော့ဘူး” လို့ လိုင်လင်းပီပြန်၊ဆက်ကိုပြောပါတယ်။

အစမှာတော့ ယင်းလေယာဉ်ကွင်းငယ်ကို ဒီနှစ် မေလမှာ အပြီးသတ်နိုင်ဖို့မျှော်မှန်းထားတာပါ။
လေယာဉ်ကွင်း ပြေးလမ်းအရှည်က ပေ ၂၆၀၀၊ အကျယ် ပေ ၁၀၀ ရှိပါတယ်။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်