ကလေးမြို့အနောက်ဘက် လှိုင်သာယာရပ်ကွက်တွင် ရေတွင်းရေခမ်းလို့ ရေအလှူပေးနေရ

ကလေးမြို့အနောက်ဘက် ကလေးတက္ကသိုလ်ကျောင်းအဝင်တဝိုက်က လှိုင်သာယာရပ်ကွက်တွင် အရင်တစ်ပတ်ကစပြီး ရေတွင်းရေခမ်းလို့ ကလေးလွင်ပြင်အဖွဲ့က ရေသွားလှူနေရတယ်လို့သတင်းရရှိပါတယ်။

အခု ရေခမ်းက နေရာကတော့ လှိုင်သာယာရပ်ကွက် နယ်မြေ ၂၊ ၃၊ ၄ ကဖြစ်ပြီး ၎င်းတို့ရေတွင်းဟာ အနက်ပေ ၄၀ လောက်ရှိပါတယ်။

ကလေးလွင်ပြင်အဖွဲ့မှ ကိုတင်အောင်ဆင့်က “သူတို့က ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရေခမ်းနေတာ။ အခုမှပဲ ရေလာလှူဖို့လာတောင်းတာ။ ဒီနေ့ကစပြီး ကားတစ်စီးစာရေသွားလှူတယ်။ ဒါတောင်မှ ရေကမလောက်ဘူး။ မနက်ဖြန်ကျရင်ပြန်လာခဲ့မယ်ပြောထားတယ်။ ကားဆီဖိုးကတော့ စင်ကာပူနဲ့ ကလေးကနေ တစ်ပတ်စာလောက်ရထားပြီ” လို့ပြောပါတယ်။

ကလေးမြို့ဟာ ပုံမှန်ဆိုရင် ဧပြီလတွင် ရေတွင်းရေခမ်းတတ်ပေမယ့် ၂၀၁၅ ရေကြီးပြီးနောက် မြေအောက်ရေကြောပြောင်းလာတာကြောင့် အမြှင့်ပိုင်း ချင်းတောင်ခြေမှာရှိတဲ့နေရာတွေဟာ အချိန်အခါမဟုတ် ရေခမ်းတတ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်