ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးသို့တက်ရောက်တဲ့ ဇိုပါတီဟာ ရွေးကောက်ပွဲ ၂ ကြိမ်စလုံး ဘဲဥမကွဲတဲ့ပါတီဖြစ်

စစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများအစည်းအဝေးသို့ တက်ရောက်တဲ့ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲ ၂ ကြိမ်စလုံးတွင် ဘဲဥမကွဲတဲ့ပါတီဖြစ်ကြောင်း သိရပါတယ်။

ပြည်ထောင်စုရွေးကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံနွေးဆွေးပွဲကို မနေ့က နေပြည်တော် မှာကျင်းပပြီး ချင်းတိုင်းရင်းသားပါတီတွေထဲက ဇိုပါတီတစ်ခုသာ တက်ရောက်ပါတယ်။

ယင်းတွေ့ဆုံပွဲတွင် ဇိုပါတီ ဥက္ကဌ ဦးခမ်အင်ထန်းကိုယ်တိုင် တက်ရောက်ခဲ့တာပါ။

ဇိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၆ ဦးက လည်းကောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၄ ဦးကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ပေမယ့် တစ်နေရာမှ အနိုင်မရရှိခဲ့ပါ။

Zalen ad

အခုလိုအစည်းအဝေးတက်ရောက်တာဟာ ဇိုလူမျိုးစုအားလုံးနဲ့ ရန်ကုန်မြို့ပေါ်တွင်မှီတင်နေထိုင်ကြတဲ့ ဇိုလူမျိုးနွယ်စုများအား ကိုယ်စားပြုခြင်းမရှိဘူးလို့ ဇိုလူမှုရေးအသင်း၊ ရန်ကုန်က မနေ့ညကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကော်မရှင်နဲ့ပါတီများတွေ့ဆုံပွဲသို့တက်ရောက်သူ ပါတီ ၅၃ ပါတီရှိပြီး ၃၈ ပါတီက အစည်းအဝေးသို့မတက်ပါ။

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်