ထန်တလန်မြို့ပေါ်ကလူဦးရေ တစ်ထောင်ဝန်းကျင်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင်တိုက်ပွဲဖြစ်ပွားလျက်ရှိတာကြောင့် မြို့ပေါ်ကလူဦးရေ တစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့သတင်းရရှိပါတယ်။

သြဂုတ်လ ၂၄ ရက်က မြို့ထဲပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ပေါ်ကပြည်သူတွေထွက်ပြေးကြပြီး စက်တင်ဘာလဆန်းပိုင်းက မြို့ထဲထပ်မံပစ်ခတ်မှုဖြစ်ပွားတာကြောင့်ထပ်မံထွက်ပြေးကြပါတယ်။

ထန်တလန်မြို့နယ်စစ်ဘေးရှောင်နေရာချထားရေးကော်မတီတာဝန်ခံ ဆလိုင်းလျန်က “သြဂုတ်လပစ်ခတ်တုန်းက နည်းနည်းလေးထွက်ပြေးကြတယ်။ မနေ့တနေ့မှာ အတော်များများပြေးလာကြတယ်။ ခုလည်း ထွက်ပြေးဖို့ပြင်ဆင်နေတဲ့သူတွေအများကြီးရှိတယ်။ ကျနော်တို့စာရင်းကောက်ထားတာ ၈၀၀ ကျော်ရှိပြီ။ စာရင်းမကောက်သေးတဲ့နေရာတွေလည်းအများကြီးကျန်သေးတယ်။ မြို့ထဲက ၃ပုံ ၁ ပုံတော့ထွက်ပြေးကြပြီ။ သူတို့က မြို့ကနေ မိုင် ၂၀၊ ၃၀ ဝေးတဲ့ရွာတွေမှာပြေးကြတာ။ ခုထိတော့ ရွာထဲကအသီးအနှံတွေနဲ့သူတို့ပါလာတဲ့ရိက္ခာနဲ့စားနေကြတယ်။ ကြာလာရင်တော့ စားရေးသောက်ရေးအတွက်အလွယ်လောက်ဘူး” လို့ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့လည်က ထန်တလန်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားလို့ လသားအရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရရှိပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့ CDF Thantlang ကထုတ်ပြန်ထားပါတယ်။

Zalen ad

မနေ့ စက်တင်ဘာ ၁ဝရက်က စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တဲ့ လုံလဲရ်ကျေးရွာနဲ့အနီးတဝိုက်ကကျေးရွာက ပြည်သူ ၂၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ မီဇိုရမ်းပြည်သူတွေကလည်း စစ်ဘေးရှောင်တွေအတွက် ဝါးအိမ်လေးတွေဆောက်ပေးကြပါတယ်။

Zawgyi

ထန္တလန္ၿမိဳ႕ေပၚကလူဦးေရ တစ္ေထာင္ဝန္းက်င္ေဘးလြတ္ရာသို႔ထြက္ေျပးတိမ္းေရွာင္

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ေပၚတြင္တိုက္ပြဲျဖစ္ပြားလ်က္ရွိတာေၾကာင့္ ၿမိဳ႕ေပၚကလူဦးေရ တစ္ေထာင္ဝန္းက်င္ဟာ ေဘးလြတ္ရာေက်းရြာဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ေနတယ္လုိ႔သတင္းရရွိပါတယ္။

ၾသဂုတ္လ ၂၄ ရက္က ၿမိဳ႕ထဲပစ္ခတ္မႈျဖစ္ပြားျပီးေနာက္ ၿမိဳ႕ေပၚကျပည္သူေတြထြက္ေျပးၾကၿပီး စက္တင္ဘာလဆန္းပိုင္းက ၿမိဳ႕ထဲထပ္မံပစ္ခတ္မႈျဖစ္ပြားတာေၾကာင့္ထပ္မံထြက္ေျပးၾကပါတယ္။

ထန္တလန္ၿမိဳ႕နယ္စစ္ေဘးေရွာင္ေနရာခ်ထားေရးေကာ္မတီတာဝန္ခံ ဆလုိင္းလ်န္က “ၾသဂုတ္လပစ္ခတ္တုန္းက နည္းနည္းေလးထြက္ေျပးၾကတယ္။ မေန႔တေန႔မွာ အေတာ္မ်ားမ်ားေျပးလာၾကတယ္။ ခုလည္း ထြက္ေျပးဖို႔ျပင္ဆင္ေနတဲ့သူေတြအမ်ားၾကီးရွိတယ္။ က်ေနာ္တုိ႔စာရင္းေကာက္ထားတာ ၈၀၀ ေက်ာ္ရွိၿပီ။ စာရင္းမေကာက္ေသးတဲ့ေနရာေတြလည္းအမ်ားၾကီးက်န္ေသးတယ္။ ၿမိဳ႕ထဲက ၃ပံု ၁ ပံုေတာ့ထြက္ေျပးၾကၿပီ။ သူတို႔က ၿမိဳ႕ကေန မိုင္ ၂၀၊ ၃၀ ေဝးတဲ့ရြာေတြမွာေျပးၾကတာ။ ခုထိေတာ့ ရြာထဲကအသီးအႏွံေတြနဲ႔သူတို႔ပါလာတဲ့ရိကၡာနဲ႔စားေနၾကတယ္။ ၾကာလာရင္ေတာ့ စားေရးေသာက္ေရးအတြက္အလြယ္ေလာက္ဘူး” လို႔ေျပာပါတယ္။

စက္တင္ဘာ ၉ ရက္ေန႔လည္က ထန္တလန္ၿမိဳ႕ထဲမွာ တိုက္ပြဲျဖစ္ပြားလို႔ လသားအရြယ္ကေလးတစ္ေယာက္အပါအဝင္ အရပ္သား ၄ ဦးဒဏ္ရာရရွိၿပီး စစ္ေကာင္စီဘက္က ၂ ဦးေသဆံုးတယ္လို႔ CDF Thantlang ကထုတ္ျပန္ထားပါတယ္။

မေန႔ စက္တင္ဘာ ၁၀ရက္က စစ္ေကာင္စီတပ္က ဂ်က္ေလယာဥ္နဲ႔ ဗံုးက်ဲတိုက္ခိုက္တဲ့ လံုလဲရ္ေက်းရြာနဲ႔အနီးတဝိုက္ကေက်းရြာက ျပည္သူ ၂၀၀ ေက်ာ္ဟာ အိႏိၵယႏိုင္ငံ မီဇိုရမ္းျပည္နယ္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။ မီဇိုရမ္းျပည္သူေတြကလည္း စစ္ေဘးေရွာင္ေတြအတြက္ ဝါးအိမ္ေလးေတြေဆာက္ေပးၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်