စစ်ကောင်စီတပ်က နှမ်းခါးရွာလူနေအိမ်ကို ၁လအတွင်း ၃ကြိမ်မီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကလေး-ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ နှမ်းခါးရွာဟာ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ၃ ကြိမ် မီးရှို့ဖျက်ဆီးမှုခံရတယ်လို့သတင်းရရှိပါတယ်။

ယနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းတွင် နှမ်းခါးရွာက လူနေအိမ် ၆ လုံးထပ်မံမီးရှို့ဖျက်ဆီးခံရတယ်လို့ဒေသခံတွေထံမှသိရပါတယ်။

စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၀ ရက်တွင် နှမ်းခါးရွာက လူနေအိမ် ၄၀ လုံးလောက်၊ စက်တင်ဘာ ၁၃ ရက်တွင် လူနေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးသွားကြပါပြီ။

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့အနီး စိုင်ဒူး GTC ကျောင်းနဲ့ ဂန့်ဂေါကနေ ဟားခါးဘက်ကိုသွားတဲ့ ဘုံဇုံးရွာမှာ တပ်စွဲကြပါတယ်။

Zalen ad

Zawgyi

စစ္ေကာင္စီတပ္က ႏွမ္းခါးရြာလူေနအိမ္ကို ၁လအတြင္း ၃ၾကိမ္မီးရိႈ႕

မေကြးတုိင္း၊ ဂန္႔ေဂါၿမိဳ႕နယ္ ကေလး-ဂန္႔ေဂါ ကားလမ္းေဘးမွာရွိတဲ့ ႏွမ္းခါးရြာဟာ စက္တင္ဘာလအတြင္းမွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြက ၃ ၾကိမ္ မီးရိႈ႕ဖ်က္ဆီးမႈခံရတယ္လုိ႔သတင္းရရွိပါတယ္။

ယေန႔ စက္တင္ဘာ ၂၉ ရက္ မနက္ပိုင္းတြင္ ႏွမ္းခါးရြာက လူေနအိမ္ ၆ လံုးထပ္မံမီးရိႈ႕ဖ်က္ဆီးခံရတယ္လုိ႔ေဒသခံေတြထံမွသိရပါတယ္။

စစ္ေကာင္စီတပ္ေတြက စက္တင္ဘာ ၁၀ ရက္တြင္ ႏွမ္းခါးရြာက လူေနအိမ္ ၄၀ လံုးေလာက္၊ စက္တင္ဘာ ၁၃ ရက္တြင္ လူေနအိမ္ ၁၄ လံုး မီးရိႈ႕ဖ်က္ဆီးသြားၾကပါၿပီ။

စစ္ေကာင္စီတပ္ေတြဟာ ဂန္႔ေဂါၿမိဳ႕အနီး စိုင္ဒူး GTC ေက်ာင္းနဲ႔ ဂန္႔ေဂါကေန ဟားခါးဘက္ကိုသြားတဲ့ ဘံုဇံုးရြာမွာ တပ္စြဲၾကပါတယ္။

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်