တီးတိန်မြို့တွင် သေနတ်သံကြားရပြီး ဒေသခံလူငယ်တစ်ဦး ကျည်ထိမှန်သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ယမန်နေ့ ဧပြီ ၂၇ ရက် ည ၇ နာရီခွဲလောက်ကစပြီး မြို့မ ရပ်ကွက်နဲ့ လွယ်ဘွာလ်းရပ်ကွက်တွင် သေနတ်သံ စတင်ကြားရတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ယင်းပစ်ခတ်မှုကြောင့် စကပ်ယာဉ်မောင်း အသက် ၁၇ နှစ်အရွယ် ကိုခိုင်လျန်မွောင် (Ko Khai Lian Muang) ကျည်ထိမှန်သေဆုံးပြီး အလောင်းကို ဒီမနက်ထိ မိသားစုက ပြန်မရသေးဘူးလို့လည်းသိရတယ်။

ဒေသခံတစ်ဦးက “သူက စကပ်ကားမောင်းတဲ့သူပါ။ ရွာဘက်မှာပစ္စည်းသွားပို့ပြီး မြို့ထဲပြန်လာတဲ့ချိန်လမ်းမှာ ကားပျက်သွားလို့ ဆိုင်ကယ်နဲ့ဝင်လာတယ်။ သူပြန်လာတာက ည ၈ နာရီလောက်ဖြစ်မယ်။ မြို့အဝင်မှာ စစ်တပ်က စစ်ဆေးနေတယ်။ စစ်တပ်စစ်ဆေးတာကို ကြောက်လန့်ပြီး ဆိုင်ကယ်ကိုမောင်းပြေးတာ အနောက်ဘက်ကနေ သေနတ်နဲ့ လှမ်းပစ်ကြတယ်။ အလောင်းလည်း ဘယ်နေရာမှာထားကြမှန်းမသိကြသေးဘူး” လို့ပြောပါတယ်။

Zalen ad

ည ၁၀ နာရီဝန်းကျင်လောက်တွင် ၂၆၉ တပ်ကုန်းနဲ့ အနီးဝန်းကျင်ကနေ နာရီဝက်ကြာ သေနတ်သံနဲ့ ပေါက်ကွဲသံကြားရတယ်လို့ ဒေသခံတွေထံကသိရတယ်။

Zawgyi

တီးတိန္ၿမိဳ႕တြင္ ေသနတ္သံၾကားရၿပီး ေဒသခံလူငယ္တစ္ဦး က်ည္ထိမွန္ေသဆုံး

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕တြင္ ယမန္ေန႔ ဧၿပီ ၂၇ ရက္ ည ၇ နာရီခြဲေလာက္ကစၿပီး ၿမိဳ႕မ ရပ္ကြက္နဲ႔ လြယ္ဘြာလ္းရပ္ကြက္တြင္ ေသနတ္သံ စတင္ၾကားရတယ္လို႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

ယင္းပစ္ခတ္မႈေၾကာင့္ စကပ္ယာဥ္ေမာင္း အသက္ ၁၇ ႏွစ္အ႐ြယ္ ကိုခုိင္လ်န္ေမြာင္ (Ko Khai Lian Muang) က်ည္ထိမွန္ေသဆုံးၿပီး အေလာင္းကို ဒီမနက္ထိ မိသားစုက ျပန္မရေသးဘူးလို႔လည္းသိရတယ္။

ေဒသခံတစ္ဦးက “သူက စကပ္ကားေမာင္းတဲ့သူပါ။ ရြာဘက္မွာပစၥည္းသြားပို႔ၿပီး ၿမိဳ႕ထဲျပန္လာတဲ့ခ်ိန္လမ္းမွာ ကားပ်က္သြားလို႔ ဆုိင္ကယ္နဲ႔ဝင္လာတယ္။ သူျပန္လာတာက ည ၈ နာရီေလာက္ျဖစ္မယ္။ ၿမိဳ႕အဝင္မွာ စစ္တပ္က စစ္ေဆးေနတယ္။ စစ္တပ္စစ္ေဆးတာကို ေၾကာက္လန္႔ၿပီး ဆုိင္ကယ္ကိုေမာင္းေျပးတာ အေနာက္ဘက္ကေန ေသနတ္နဲ႔ လွမ္းပစ္ၾကတယ္။ အေလာင္းလည္း ဘယ္ေနရာမွာထားၾကမွန္းမသိၾကေသးဘူး” လုိ႔ေျပာပါတယ္။

ည ၁၀ နာရီဝန္းက်င္ေလာက္တြင္ ၂၆၉ တပ္ကုန္းနဲ႔ အနီးဝန္းက်င္ကေန နာရီဝက္ၾကာ ေသနတ္သံနဲ႔ ေပါက္ကြဲသံၾကားရတယ္လုိ႔ ေဒသခံေတြထံကသိရတယ္။

နောက်ဆုံးရသတင်းများ

ရုရှား-အာဆီယံ ထိပ်သီးပွဲမှာ မြန်မာအမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး

ဇွန် ၁၉၊ ၂၀၂၆Zalen ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်