ကလေးမြို့သပိတ်အတွက် စာရွက်စာတမ်းထုတ်လုပ်ပေးသူလို့စွပ်စွဲတဲ့ ပုံနှိပ်လုပ်ငန်းပိုင်ရှင် ဖမ်းဆီးခံရ

ကလေးမြို့တွင် ဆန္ဒပြပွဲများ၌အသုံးပြုတဲ့ စာရွက်စာတမ်းများအား အခကြေးငွေမယူပဲ ပြုလုပ်ပေးနေတယ်လို့စွပ်စွဲကာ “စံလှ”ပုံနှိပ်လုပ်ငန်းပိုင်ရှင် ကိုဝင်းဇော် (ခ)ဖြိုးလေးကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ဧပြီ ၂၈ ရက် နေ့လည်က ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။

“စံလှ”ပုံနှိပ်လုပ်ငန်းဟာ ကလေးမြို့ ဆန္ဒပြပွဲများနဲ့ လှုံဆော်စာ၊ နံရံကပ်စာများနဲ့ စတစ်ကာများ နဲ့ ဓာတ်ပုံများကို အခကြေးငွေမယူပဲ ပူးပေါင်းကူညီထုတ်ပေးတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြီး ပိုင်ရှင်နဲ့ အတူ ပုံနှိပ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ ပစ္စည်များကိုပါ သိမ်းယူကြကြောင်းသိရပါတယ်။

ဧပြီ ၂၆ ရက် မနက်က ကလေးမြို့သပိတ်မှာပါဝင်တဲ့ ကိုကျော်စိုးထွေး (ခ) အိမ်လွမ်းသူနဲ့ ဇနီးကို အာဏာသိမ်းစစ်တပ်က ၎င်းတို့ ကွန်ပျူတာဆိုင်တွင် သွားရောက်ဖမ်းဆီးကြတယ်လို့သိရတယ်။

Zalen ad

Zawgyi






နောက်ဆုံးရသတင်းများ

ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ ကူးစက်မှု မြင့်တက်နေ၍ ပလက်ဝနဲ့ ရခိုင်နယ်စပ်မြို့တွေမှာ သတိပြုဖို့ AHD သတိပေး

ဧပြီ ၂၃၊ ၂၀၂၆ Zalen ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေ၍ ချင်းပြည်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့နယ်တွေ အထူးသတိပြုကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ဧပြီ ၂၀ ရက်မှာ သတိပေး ...

ဆက်ဖတ်ရန်