ချင်းအများပိုင်ကုမ္ပဏီ BOD အဖွဲ့ရွေးချယ်ပြီးနောက် ရှယ်ယာရောင်းမည်

ချင်းအများပိုင်ကုမ္ပဏီ၏ Board of Director(BOD) အဖွဲ့ကို မေလ(၅)ရက်တွင်ရွေးချယ်မည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ရှယ်ယာရောင်းမည်ဖြစ်သည်။

ဧပြီ(၂၈)ရက် UMFCCIရုံးတွင်ကျင်းပသည့်အစည်းအဝေးတွင် ကုမ္မဏီမူဝါဒနှင့်စည်းမျဉ်းစည်းကမ်းများချမှတ်ခဲ့ သည်။

“ဘုတ်အဖွဲ့(၁၅)ဦးအရင်ရွေးချယ်ပြီးတော့ ဥက္ကဌ၊ CEO တွေခန့်ပြီးမှ ရှယ်ယာစဖွင့်တော့မယ်။ ရှယ်ယာကို အနည်းဆုံး သိန်း (၃၀)နဲ့ ပထမဆုံးစရောင်းမယ်။ ရှယ်ယာဝယ်မယ်ဆိုရင် လျှောက်လွှာကိုရုံးမှာ အရင်လာဖြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုရင် ရှယ်ယာ certificate လည်ရှိမယ်”ဟု ချင်းအများပိုင်ကုမ္ပဏီ စည်းရုံးရေးဥက္ကဌ ဒေါက်တာရွှေဟိန်းကပြောသည်။

Zalen ad

ဘုတ်အဖွဲ့ဝင်ဖြစ်ရန် အကျင့်စာရိတ္တကောင်းမွန်သူ၊ စီးပွားရေးကျွမ်းကျင်သူ၊ အတွေ့အကြုံရှိသူ၊ ရှယ်ယာအနည်းဆုံး သိန်း ၅၀၀ ဝယ်ယူထားသူ စသည်တို့ပါဝင်သည်။

ချင်းအများပိုင်ကုမ္ပဏီရဲ့ မေလ(၅)ရက်နေ့ BOD ရွေးချယ်ပွဲကို ရန်ကုန်မြို့ ခဝဲခြံရှိ Lai Baptist Church ခန်းမတွင် ညနေ ၄နာရီမှစတင်၍ အစည်းအဝေးကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းများ

ရုရှား-အာဆီယံ ထိပ်သီးပွဲမှာ မြန်မာအမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး

ဇွန် ၁၉၊ ၂၀၂၆Zalen ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်