အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တွင် မတူပီမြို့နယ်က လူငယ် ၄ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်က လူငယ် ၄ ဦးဟာ ဇူလိုင်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ၊ လှောင်တလိုင်မြို့ကနေ ချင်းတောင်ဘက်ကို အပြန်တွင် ဇောင်းလိန်ရွာတွင် အာသံရိုင်ဖယ်စစ်သားများက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ခရီးသည်တစ်ဦးထံတွင် ငွေသား အမြောက်အများ သယ်ဆောင်ခဲ့တာကို အာသံရိုင်ဖယ်စစ်သားများက စစ်ဆေးတွေ့ရှိပြီး၊ ခရီးသည်များ၏ ဖုန်းများကိုလည်း စစ်ဆေးခဲ့ရာ အခုလို ဖမ်းဆီးခံထားရတာဖြစ်ကြောင်း သိရပါတယ်။

ခုချိန်မှာတော့ ဖမ်းဆီးခံထားရသော လူငယ်များဟာ ဘယ်နေရာ ရောက်နေတာလဲဆိုတာကိုလည်း သေချာ မသိရသေးကြောင်း မိသားစုဝင်များက ပြောပါတယ်။ ဖမ်းဆီးခံထားရသော လူငယ်များဟာ အသက် ၂၀ ကျော်အရွယ်လူငယ် အများစုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တောထဲစစ်ရှောင်နေတဲ့ပြည်သူများဆီမှဓားပြတိုက်လုယက်

ဇွန်  ၁၆၊  ၂၀၂၆ Zalen  စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အခုရက်ပိုင်း ကလေး-တမူးလမ်းပိုင်းကို စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တောတောင်တွေထဲ စစ်ရှောင်နေတဲ့ ပြည်သူများကို ဓားပြတိုက် လုယက်နေတယ်လို့ ဒေသခံများထံကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က တမူးမြို့ကနေစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ ...

ဆက်ဖတ်ရန်