CNO ရဲ့ပထမကြိမ်မြောက် ညီလာခံမှာ Non-CDMer များထိရောက်စွာအရေးယူမယ့်ကိစ္စအပါအဝင် အချက် ၆ ချက် ဆွေးနွေးဆုံးဖြတ်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀-၂၃ ရက်နေ့အထိ ချင်းအမျိူးသားအဖွဲ့ချူပ် (CNO) ၏ ပထမအကြိမ် ညီလာခံအစည်းအဝေးကြီးကို ဌာနာချုပ်ဖြစ်သော Chinram, Camp Rihli တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ညီလာခံအစည်းအဝေးသို့ ချင်းအမျိူးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CNO/CNDF အကြံပေးပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ Supporting Teams မှ ကိုယ်စားလှယ်များ၊ CDMers အစုအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်များ အပါအဝင် ညီလာခံကိုယ်စားလှယ် (၁၁၉)ဦးနှင့် စောင့်ကြည့်လေ့လာသူ (၈၀) ဝန်းကျင်ခန့်၊ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။
၁။ ညီလာခံအစည်းအဝေးတွင် ချင်းအမျိူးသားအဖွဲ့ချုပ်နှင့် ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ဌာနအသီးသီး၏ တစ်နှစ်တာလုပ်ငန်းများ အစီရင်ခံခြင်း၊ ဘဏ္ဏာရေးအစီရင်ခံစာတင်သွင်းခြင်း၊ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။
၂။ ချင်းအမျိူးသားအဖွဲ့ချူပ် (CNO) ၏ Constitutions & By-Laws, TOR နှင့် မူဝါဒများ အတည်ပြု ဆွေးနွေးခဲ့ကြပါသည်။
၃။ အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် လိုအပ်သော ပြည်သူ့အုပ်ချူပ်ရေးအား CNO/CNDF စိုးမိုးနယ်မြေတွင် အမြန်ဆုံးအကောင်ထည်ဖော်ရန် မူဝါဒများနှင့် စီမံကိန်းများ ချမှတ်နိုင်ခဲ့သည်။
၄။ ချင်းပြည်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ ပိုမိုအားကောင်း လာစေရန် CJDC တွင် ပါဝင်သော မြို့နယ်၊ ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ထိရောက်သော လက်တွဲလုပ်ဆောင်မှုများ ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်ချမှတ်သည်။
၅။ CNO/CNDF အနေဖြင့် နွေဦးတော်လှန်ရေးအတွင်း အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်သည့် CDMers များနှင့်အတူ ချင်းပြည်ထောင်တည်ထောင်ရာတွင် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်တည်တံ့စေသော ဒေါက်တိုင်များဖြစ်ကြသည့် Non-CDMer များအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်သည်။
၆။ CNO/CNDF စိုးမိုးနယ်မြေအတွင်း တင်ဒါလျှောက်ခြင်း၊ လုပ်ငန်းဆောင်ရွက်များကို လုံးဝ(လုံးဝ) ပိတ်ပင် တားမြစ်ပြီး လုပ်ငန်းဆောင်ရွက်များရှိခဲ့ပါက CNO/CNDF ၏ မူဝါအတိုင်း အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချမှတ်သည်။
၇။ စစ်အာဏာရှင်စနစ်အမြစ်ပြတ် တိုက်ဖျက်ရေးကာလတွင် စစ်အာဏာရှင်နှင့် လက်တွဲပူးပေါင်းသည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့စည်းမဆို အာဏာရှင်နှင့်တတန်းတည်းထားကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
Zawgyi
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀-၂၃ ရက်နေ့အထိ ချင်းအမျိုးသားအဖွဲ့ချူပ် (CNO) ၏ ပထမအကြိမ် ညီလာခံအစည်းအဝေးကြီးကို ဌာနာချုပ်ဖြစ်သော Chinram, Camp Rihli တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ညီလာခံအစည်းအဝေးသို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CNO/CNDF အကြံပေးပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ Supporting Teams မှ ကိုယ်စားလှယ်များ၊ CDMers အစုအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်များ အပါအဝင် ညီလာခံကိုယ်စားလှယ် (၁၁၉)ဦးနှင့် စောင့်ကြည့်လေ့လာသူ (၈၀) ဝန်းကျင်ခန့်၊ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။
၁။ ညီလာခံအစည်းအဝေးတွင် ချင်းအမျိုးသားအဖွဲ့ချုပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ဌာနအသီးသီး၏ တစ်နှစ်တာလုပ်ငန်းများ အစီရင်ခံခြင်း၊ ဘဏ္ဏာရေးအစီရင်ခံစာတင်သွင်းခြင်း၊ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။
၂။ ချင်းအမျိုးသားအဖွဲ့ချူပ် (CNO) ၏ Constitutions & By-Laws, TOR နှင့် မူဝါဒများ အတည်ပြု ဆွေးနွေးခဲ့ကြပါသည်။
၎။ ချင်းပြည်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ပိုမိုအားကောင်း လာစေရန် CJDC တွင် ပါဝင်သော မြို့နယ်၊ ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ထိရောက်သော လက်တွဲလုပ်ဆောင်မှုများ ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်ချမှတ်သည်။
နောက်ဆုံးရသတင်းများ
သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ
၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...
ဆက်ဖတ်ရန်