NUG အစိုးရထံ India for Myanmar က အကြံပြုချက် (၆)ချက်ပါတဲ့ အိတ်ဖွင့်ပေးစာပေးပို့

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ မြန်မာအရေးလှုပ်ရှားတဲ့ India for Myanmar က NUG အစိုးရထံ ဇူလိုင် ၂၆ ရက် နေ့စွဲဖြင့် အကြံပြုချက် (၆) ချက်ပါတဲ့ အိတ်ဖွင့်ပေးစာပေးပို့တယ်လို့သတင်းရရှိပါတယ်။

၂၀၂၃ ခုနှစ်နောက်ပိုင်း အိန္ဒိယအစိုးရဟာ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရကဲ့သို့ အသိအမှတ်ပြုတဲ့ ဆက်ဆံရေးမျိုး ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။

ဒါကြောင့် India for Myanmar က တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG ထံ အကြံပြု အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်းဖြစ်ကြောင်းသိရတယ်။

ယင်းအိတ်ဖွင့်ပေးစာတွင် NUG အစိုးရက အိန္ဒိယအစိုးရနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့၊ နယ်စပ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအလေးထားဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံနဲ့ထိစပ်တဲ့ပြည်နယ်အစိုးရနဲ့ နိုင်ငံရေးအင်အားစုများကိုစည်းရုံးဖို့၊ အိန္ဒိယနယ်စပ်တော်လှန်ရေးအဖွဲ့များ၊ လူမှုရေးအသင်းများနဲ့ချိတ်ဆက်ကြဖို့နဲ့ အခြားအကြောင်းအရာများပါဝင်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ရုရှား-အာဆီယံ ထိပ်သီးပွဲမှာ မြန်မာအမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး

ဇွန် ၁၉၊ ၂၀၂၆Zalen ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်