ZRA နဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေကို PDF-Zoland, PDF (Kalay) ကပြန်လည်တိုက်ခိုက်တော့မယ်ဟုဆို

PDF-Zoland ရဲ့နယ်စပ်စခန်းကို ၂ ကြိမ်တိုင်တိုင်ဝင်ရောက်တိုက်ခိုက်တဲ့ ZRA နဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ကို PDF-Zoland နဲ့ PDF (Kalay) တို့မဟာမိတ်ဖွဲ့ကာ အရေးယူတော့မယ်လို့ကြေညာ ယနေ့စက်တင်ဘာ ၂၆ ရက်ကပူးတွဲကြေညာချက်ထုတ်ပြန်ကြပါတယ်။

ကသည်း နဲ့ ZRA (Zomi Revolution Army) တပ်တွေဟာ အိန္ဒိယအစိုးရကိုတော်လှန်ပုန်ကန်နေတဲ့တပ်တွေ ဖြစ်ပြီး မြန်မာပြည် နယ်စပ်ဒေသတွေမှာကျင်လည်ခဲ့ကြပါတယ်။

PDF-Zoland ရဲ့တာဝန်ရှိသူတစ်ဦးက “စက်တင်ဘာ ၁၉ ရက်နေ့က ဟွာလ်ငို PDF အဖွဲ့ကို ပြဿနာရှာသေးတယ်။ ကသည်းကိစ္စလည်းဒီတိုင်းပဲ။ တွန်းဇံဘက်မှာလည်း သတင်းရရှိထားတာရှိတယ်။ PDF တွေပေါ်လက်လွန်ခြေလွန်ဖြစ်ကုန်ပြီ။ သူတို့ကိုအသိပေးချင်တာက တာဟန်းစခန်းဖြိုခွင်းတုန်းက ကသည်းကနောက်ကြောကနေ ပံ့ပိုးပေးတယ်။ ကလေးမြို့မှာကော တာဟန်းမှာလည်း ZRA ကိုနည်းပညာပိုင်း၊ ရံပုံငွေထောက်ပံ့တဲ့ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ကိုစာရင်းပြုစုထားတယ်။ ပြီးတော့ ကလေးကဘော်ထဲကို ကသည်းလက်နက်ကိုင်တွေ၊ ZRA တွေ အဝင်အထွက်ရှိတယ်” လို့ပြောပါတယ်။

PDF-Zoland နဲ့ PDF (Kalay) မဟာမိတ်အဖွဲ့ရဲ့ပူးတွဲ ထုတ်ပြန်ချက်ထဲတွင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ ကလေး ကဘော်ဒေသများအတွင်း အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းကြသည့် လူပုဂ္ဂိုလ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်နေသူများ၏ အချက်အလက်များ၊ လှုပ်ရှားမှုများအားလုံးကို စုံစမ်း မှတ်တမ်းတင်ထားပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်လို့ဖော်ပြထားပါတယ်။

ZRA တပ်ဖွဲ့ဟာ နယ်စပ်မှာစခန်းချကာသင်တန်းလေ့ကျင့်နေတဲ့ PDF –Zoland စခန်းကို ၂ကြိမ်ဝင်ရောက်ပစ်ခတ်ပြီး Hualngo PDF လူတွေကို ၁ကြိမ်ဖမ်းဆီးကာ နှိက်စက်ကြပါတယ်။

ကသည်းလက်နက်ကိုင်တွေလည်း တမူးမြို့နယ်က စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းနေတယ်လို့ PDF Tamu တပ်က သတိပေးစာထုတ်ပြန်နေတာတွေ့ရပါတယ်။

Zawgyi

ZRA နဲ႔ ကသည္းလက္နက္ကိုင္အဖြဲ႔ေတြကို PDF-Zoland, PDF (Kalay) ကျပန္လည္တိုက္ခိုက္ေတာ့မယ္ဟုဆို

PDF-Zoland ရဲ႕နယ္စပ္စခန္းကို ၂ ၾကိမ္တုိင္တုိင္ဝင္ေရာက္တိုက္ခိုက္တဲ့ ZRA နဲ႔ ကသည္းလက္နက္ကိုင္တပ္ဖြဲ႔ ကို PDF-Zoland နဲ႔ PDF (Kalay) တို႔မဟာမိတ္ဖြဲ႔ကာ အေရးယူေတာ့မယ္လို႔ေၾကညာ ယေန႔စက္တင္ဘာ ၂၆ ရက္ကပူးတြဲေၾကညာခ်က္ထုတ္ျပန္ၾကပါတယ္။

ကသည္း နဲ႔ ZRA (Zomi Revolution Army) တပ္ေတြဟာ အိႏိၵယအစိုးရကိုေတာ္လွန္ပုန္ကန္ေနတဲ့တပ္ေတြ ျဖစ္ၿပီး ျမန္မာျပည္ နယ္စပ္ေဒသေတြမွာက်င္လည္ခဲ့ၾကပါတယ္။

PDF-Zoland ရဲ႕တာဝန္ရွိသူတစ္ဦးက “စက္တင္ဘာ ၁၉ ရက္ေန႔က ဟြာလ္ငို PDF အဖြဲ႔ကို ျပႆနာရွာေသးတယ္။ ကသည္းကိစၥလည္းဒီတုိင္းပဲ။ တြန္းဇံဘက္မွာလည္း သတင္းရရွိထားတာရွိတယ္။ PDF ေတြေပၚလက္လြန္ေျခလြန္ျဖစ္ကုန္ၿပီ။ သူတို႔ကိုအသိေပးခ်င္တာက တာဟန္းစခန္းျဖဳိခြင္းတုန္းက ကသည္းကေနာက္ေၾကာကေန ပံ့ပိုးေပးတယ္။ ကေလးၿမိဳ႕မွာေကာ တာဟန္းမွာလည္း ZRA ကိုနည္းပညာပိုင္း၊ ရံပံုေငြေထာက္ပံ့တဲ့ပုဂၢိဳလ္ေတြရွိတယ္။ သူတို႔ကိုစာရင္းျပဳစုထားတယ္။ ၿပီးေတာ့ ကေလးကေဘာ္ထဲကို ကသည္းလက္နက္ကိုင္ေတြ၊ ZRA ေတြ အဝင္အထြက္ရွိတယ္” လို႔ေျပာပါတယ္။

PDF-Zoland နဲ႔ PDF (Kalay) မဟာမိတ္အဖြဲ႔ရဲ႕ပူးတြဲ ထုတ္ျပန္ခ်က္ထဲတြင္ တြန္းဇံၿမိဳ႕နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ကေလး ကေဘာ္ေဒသမ်ားအတြင္း အၾကမ္းဖက္စစ္ေကာင္စီကို ပူးေပါင္းၾကသည့္ လူပုဂၢိဳလ္မ်ား၊ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူမ်ား၏  အခ်က္အလက္မ်ား၊ လႈပ္ရွားမႈမ်ားအားလုံးကို စုံစမ္း မွတ္တမ္းတင္ထားၿပီး လိုအပ္သလို အေရးယူေဆာင္ရြက္သြားမည္ျဖစ္သည္လို႔ေဖာ္ျပထားပါတယ္။

ZRA တပ္ဖြ႔ဲဟာ နယ္စပ္မွာစခန္းခ်ကာသင္တန္းေလ့က်င့္ေနတဲ့ PDF –Zoland စခန္းကို ၂ၾကိမ္ဝင္ေရာက္ပစ္ခတ္ၿပီး Hualngo PDF လူေတြကို ၁ၾကိမ္ဖမ္းဆီးကာ ႏွိက္စက္ၾကပါတယ္။

ကသည္းလက္နက္ကိုင္ေတြလည္း တမူးၿမိဳ႕နယ္က စစ္ေကာင္စီတပ္ေတြနဲ႔ပူးေပါင္းေနတယ္လုိ႔ PDF Tamu တပ္က သတိေပးစာထုတ္ျပန္ေနတာေတြ႔ရပါတယ္။

 

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်