ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅

Zalen

ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။

ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ လောက်တူ၊မရာ နဲ့ ဆဲန်ထန်း စတဲ့ နယ်မြေအသီးသီးမှ တော်လှန်ရေးပူးပေါင်းအဖွဲ့ဖြစ် ကာ ချင်းပြည်(Chinland ) ကောင်စီအဖွဲ့ဝင်များဖြစ်ကြပါတယ်။

Zalen ad

ဒီအချိန်ဟာ ပြည်သူများလိုလားတောင့်တတဲ့ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ကာလဖြစ်တာနဲ့အညီ အနယ်နယ်အရပ်ရပ်ရှိ ZZLMS လူငယ်၊ လူရွယ် များကို တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ရန်ဖိတ်ခေါ်တယ်လို့ဆိုပါတယ်။

ဒီတော်လှန်ရေးကာလအတွင်း ZZLMS နယ်မြေဧရိယာအတွင်းရှိ အသက် ၁၅ နှစ်မှ ၃၅ နှစ်အကြား လူငယ်လူရွယ် မှန်သမျှ အရေးပေါ်ကိစ္စရှိလို့ခရီးသွားလိုပါက သက်ဆိုင်ရာနယ်မြေအသီးသီးရှိ ZZLMS ကာကွယ်ရေးတပ်ဖွဲ့များ ထံမှထောက်ခံစာရယူပြီး ထောက်ခံစာဖြင့်သာ ခရီးသွားကြရန် အသိပေးထားပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရရှိသော ချင်းပြည်တည်ဆောက် နိုင်ရေးအတွက် ချင်းပြည်သူများအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များနဲ့အတူ စည်းလုံးညီညွတ်စွာပူးပေါင်း ပါဝင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။

အလားတူ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဖြစ်တဲ့ CDF-Paletwa မှ ပလက်ဝမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ပလက်ဝပြင်ပကိုမထွက်ကြဖို့နဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့အသိပေးထားပါတယ်။

သတင်း – Mickey

ပုံအညွှန်း – ZZLMS မဟာမိတ်ညီနောင်များ ပူးတွဲစစ်ရေးလေ့ကျင့်စဉ်မြင်ကွင်း

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်