ကန်ပက်လက်မှာတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာ ၅ ရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

ကန်ပက်လက်မြို့နယ်တွင် အရင်ပတ်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်၊ ကန်ပက်လက်တပ်တို့ အရင်ပတ်ကစပြီးတိုက်ပွဲဖြစ်ပွားတာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သတင်းရရှိပါတယ်။

ယနေ့ ဇူလိုင် ၂၈ ရက်တွင် လူဦးရေ ၄၅၀ ဝန်းကျင်ရှိတဲ့ ခါနန်းတစ်ရွာလုံး ခါရိုင်းရွာသို့ တိုက်ပွဲရှောင်နေကြပါတယ်။ ဒါ့ပြင် ရန်စဲရွာ(ပိတ်မိနိုင်)၊ မြောင်၊မှူးချိန်းဒိန်း၊ပန်းတောင်စတဲ့ကျေးရွာတွေလည်း နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

တိုက်ပွဲအရှိန်ပြင်းထန်လာပါကအဆိုပါကျေးရွာများအပြင် ရှင်ဘောင်၊အောက်ရင်း၊ပျော့၊ခပ်ဒိုင်း၊လုံအိမ်နူး၊မှော်လောင်းလုံး၊ခါရိုင်း၊ဖုံအိမ်၊ချောင်းရိုင်း၊ကာနန်း၊ချောင်းမု၊မုလောင်း၊မသာဒါ၊မကြားအိမ်နူးစသည့်ကျေးရွာသည်လည်းလုံခြုံရေးအန္တရာယ်ရှိလာနိုင်ပါတယ်။

ယခုတွင် တိုက်ပွဲရှောင်စခန်းကော်မတီတာဝန်ရှိသူတွေဟာ နေရာထိုင်ခင်း၊အစားအစာများကို အပူတပြင်းလိုအပ်လျက်ရှိပါတယ်။

(Zawgyi)
ကန္ပက္လက္မွာတုိက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ေက်းရြာ ၅ ရြာကျပည္သူေတြ ထြက္ေျပးတိမ္းေရွာင္ေနရ

ကန္ပက္လက္ၿမိဳ႕နယ္တြင္ အရင္ပတ္က အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ CDF မင္းတပ္၊ ကန္ပက္လက္တပ္တို႔ အရင္ပတ္ကစၿပီးတုိက္ပြဲျဖစ္ပြားတာေၾကာင့္ ေက်းရြာ ၅ ရြာက ျပည္သူေတြထြက္ေျပးတိမ္းေရွာင္ေနၾကတယ္လုိ႔သတင္းရရွိပါတယ္။

ယေန႔ ဇူလုိင္ ၂၈ ရက္တြင္ လူဦးေရ ၄၅၀ ဝန္းက်င္ရွိတဲ့ ခါနန္းတစ္႐ြာလုံး ခါ႐ိုင္း႐ြာသို႔ တိုက္ပြဲေရွာင္ေနၾကပါတယ္။ ဒါ့ျပင္ ရန္စဲ႐ြာ(ပိတ္မိႏိုင္)၊ ေျမာင္၊မႉးခ်ိန္းဒိန္း၊ပန္းေတာင္စတဲ့ေက်းရြာေတြလည္း နီးစပ္ရာေက်းရြာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။

တိုက္ပြဲအရွိန္ျပင္းထန္လာပါကအဆိုပါေက်း႐ြာမ်ားအျပင္ ရွင္ေဘာင္၊ေအာက္ရင္း၊ေပ်ာ့၊ခပ္ဒိုင္း၊လုံအိမ္ႏူး၊ေမွာ္ေလာင္းလုံး၊ခါ႐ိုင္း၊ဖုံအိမ္၊ေခ်ာင္း႐ိုင္း၊ကာနန္း၊ေခ်ာင္းမု၊မုေလာင္း၊မသာဒါ၊မၾကားအိမ္ႏူးစသည့္ေက်း႐ြာသည္လည္းလုံၿခဳံေရးအႏၲရာယ္ရွိလာႏိုင္ပါတယ္။

ယခုတြင္ တိုက္ပြဲေရွာင္စခန္းေကာ္မတီတာဝန္ရွိသူေတြဟာ ေနရာထိုင္ခင္း၊အစားအစာမ်ားကို အပူတျပင္းလိုအပ္လ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်