ကလေးမြို့တွင် ၅ ရက်အတွင်း ကိုဗစ်လူနာသစ် (၂၃)ယောက် တွေ့ရှိ

ကလေးမြို့နယ်တွင် အောက်တိုဘာ (၂၆)ရက်မှ (၃၀)ရက်နေ့အထိ ကိုဗစ်ရောဂါ ပိုးတွေ့လူနာသစ် (၂၃)ဦးရှိတယ်လို့ ကလေးမြို့ကိုဗစ်ကော်မတီစာရင်းအရသိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိတဲ့ ရက်အလိုက်စာရင်းကတော့ အောက်တိုဘာ (၂၆)ရက်တွင် ပိုးတွေ့လူနာ (၅)ဦး၊ အောက်တိုဘာ(၂၈)ရက်တွင် ပိုးတွေ့လူနာ (၈)ဦး၊ အောက်တိုဘာ (၃၀)ရက်တွင် ပိုးတွေ့လူနာ (၁၀)ဦးဖြစ်ပါတယ်။

ကလေးမြို့ ကိုဗစ်ကော်မတီမှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဖိုးတင်က “ခုတလောဘာလို့ ပိုးတွေ့လူနာများလာတာလဲဆိုရင် များများစစ်နိုင်လို့ပါ။ ကလေးမြို့မှာ Test Kids နဲ့လည်းစစ်တယ်။ မန္တလေးကိုလည်းပို့တော့ ပိုမြန်တာပေါ့”လို့ပြောပါတယ်။

လူနာတွေအများစုက ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်နဲ့ အောင်သစ္စာရပ်ကွက်ကဖြစ်ပါတယ်။

Zalen ad

လက်ရှိ ကလေးမြို့တွင် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ (၂၇)ဦးရှိပါတယ်။ ကလေးမြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း (၆၅)ဦးရှိပြီး (၃၈)ဦးက ကျန်းမာစွာ ဆေးရုံကဆင်းသွားပါပြီ။

တမူးမြို့မှာလည်း အောက်တိုဘာလ (၂၉)ရက်ထိ ကိုဗစ်ပိုးတွေ့လူနာ (၁၆)ဦးရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်