ကလေးမြို့ပေါ် ရပ်ကွက်အချို့မှာ စစ်ကောင်စီတပ်က စစ်ဆေးနေပြီး ဒေသခံတချို့ ဖမ်းဆီးခံရ

၁၂ ၊ ဇူလိုင်၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တွေမှာ ဇူလိုင် ၁၁ရက်နေ့က စစ်ကောင်စီက အိမ်တွေကို လိုက်လံ‌ စစ် ဆေးနေကာ ဒေသခံလူငယ်၊ လူလတ်ပိုင်း တချို့ကို ဖမ်းဆီးခဲ့တယ်လို့ ‌သိရပါတယ်။

စစ်ကောင်စီတပ်‌တွေက တောင်ဖီလာရပ်ကွက်နဲ့ အောင်သစ္စာရပ်ကွက်မှာ တစ်အိမ်တက်ဆင်း မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း‌ စစ်ဆေးခဲ့ပြီး သံသယရှိသူတချို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

အောင်သစ္စာရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ဒေသခံအမျိုးသား ၅ဦးကို ဖမ်းဆီးခေါ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် Zalen အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

“ဒီရက်ပိုင်းတော့ မြို့ထဲကို စစ်ကားတွေ သွားလိုက်လာလိုက်ပဲ၊ တောင်ဖီလာထဲမှာ မနေ့က အိမ်တွေကို ၀င်စစ်တယ်လို့ကြားတယ်။ လူငယ်တချို့လည်း အဖမ်းခံရတယ်။ အောင်သစ္စာထဲမှာလည်း အနည်းဆုံး ငါးယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ မိသားစု၀င်တွေ အခုချိန်ထိ အ ဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာလည်း ကလေးမြို့လေဆိပ်၀န်းထဲမှာ စစ်ကောင်စီတပ်သား အများအပြားကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကလေးမြို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေအပြင် ရှောင်တခင် စစ်ဆေးမှုတွေပြုလုပ်ပြီး လုံခြုံရေး တင်းကြပ်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်