ကလေးမြို့မှာ တပ်ပိုင်မြေဟုဆိုကာ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို အတင်းအဓမ္မဖယ်ရှားခိုင်း

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ ၄၊ စနေလမ်းပေါ်က မြေ ဧက ၂၄ ဒသမ ၅၂ ပေါ်မှာရှိတဲ့ Gideon Seven Day အသင်းတော်တစ်ပါးအပါအဝင် လူနေအိမ် ၁၂ လုံးကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၂၆ ရက်အတွင်းဖယ်ရှားဖို့၊ မဖယ်ရှားပါက တရားဥပဒေအရ ဆက်လက်ဆောင်ရွက်မယ်လို့ ဒီဇင်ဘာ ၁၇ ရက်က စာထုတ်ထားပါတယ်။

အဲ့ဒီမြေကွက်တွေဟာ NLD အစိုးရလက်ထက်မှာ တစ်ကြိမ် စစ်တပ်က လူနေအိမ်တွေဖယ်ရှားဖို့စာထုတ်ထားပြီး တရားရုံးမှာအမှုရင်ဆိုင်ကာ ပြည်သူဘက်က အနိုင်ရရှိထားတဲ့နေရာ ကို အာဏာသိမ်းစစ်ကောင်စီခေတ်မှာ လက်နက်အားကိုးပြီး အတင်းအဓမ္မဖယ်ရှားခိုင်းတာဖြစ်ပါတယ်။

အဲ့ဒီအိမ်တွေက မိသားစုအချို့ဟာ တခြားနေရာသို့ပြောင်းရွေ့ကြပြီး အချို့မိသားစုတွေက အခုထိ ဆက်လက်နေထိုင်ကြတယ်လို့လည်းသိရတယ်။

Zalen ad

Zawgyi

ကေလးၿမိဳ႕မွာ တပ္ပိုင္ေျမဟုဆိုကာ ဘုရားေက်ာင္းအပါအဝင္ လူေနအိမ္ ၁၂ လံုးကို အတင္းအဓမၼဖယ္ရွားခုိင္း

ကေလးၿမိဳ႕၊ ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ နယ္ေၿမ ၄၊ စေနလမ္းေပၚက ေၿမ ဧက ၂၄ ဒသမ ၅၂ ေပၚမွာရွိတဲ့ Gideon Seven Day အသင္းေတာ္တစ္ပါးအပါအဝင္ လူေနအိမ္ ၁၂ လုံးကို ဒီဇင္ဘာ ၁၃ ရက္ကေန ၂၆ ရက္အတြင္းဖယ္ရွားဖို႔၊ မဖယ္ရွားပါက တရားဥပေဒအရ ဆက္လက္ေဆာင္ရြက္မယ္လို႔ ဒီဇင္ဘာ ၁၇ ရက္က စာထုတ္ထားပါတယ္။

အဲ့ဒီေျမကြက္ေတြဟာ NLD အစိုးရလက္ထက္မွာ တစ္ႀကိမ္ စစ္တပ္က လူေနအိမ္ေတြဖယ္ရွားဖို႔စာထုတ္ထားၿပီး တရား႐ုံးမွာအမႈရင္ဆိုင္ကာ ျပည္သူဘက္က အနိုင္ရရွိထားတဲ့ေနရာ ကို အာဏာသိမ္းစစ္ေကာင္စီေခတ္မွာ လက္နက္အားကိုးၿပီး အတင္းအဓမၼဖယ္ရွားခိုင္းတာျဖစ္ပါတယ္။

အဲ့ဒီအိမ္ေတြက မိသားစုအခ်ိဳ႕ဟာ တျခားေနရာသို႔ေျပာင္းေရြ႕ၾကၿပီး အခ်ိဳ႕မိသားစုေတြက အခုထိ ဆက္လက္ေနထိုင္ၾကတယ္လို႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်