ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို ၈,၀၀၀ ကျပ်ဖိုးပဲ ထည့်ပေးတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဓာတ်ဆီက တဂါလံ ၅ သောင်းနား ကပ်လာပြီ၊ လက်ရှိမှာ တလီတာကို ၁၁၀၀၀ ၊ ၁၂၀၀၀ အမျိုးမျိုးရောင်းနေကြတယ်၊ ဘယ်ဆိုင်မေးမေး တသောင်းအထက်ပဲ။ လောလောဆယ် ဆိုင်ကယ်တွေကို တလီတာတောင် အပြည့်မရောင်းတော့ဘူး၊ ၈,၀၀၀ ဖိုးပဲ ရောင်းတယ်။ ” လို့ ကလေးမြို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ စက်သုံး‌ဆီအရောင်းဆိုင်တွေမှာ ပုံးတွေနဲ့  ၀ယ်ယူခွင့်မရှိတော့တာကြောင့် ရေတင်ဖို့ မီးစက်မောင်းတာ၊ ကြံရည်စက်တွေအတွက် စက်မောင်းဖို့ ဆီ၀ယ်မရဘူးလို့ ‌ဆိုပါတယ်။

ဆိုင်ကယ်နဲ့ကားကို အဓိသုံးသွားလာရတဲ့ ကလေးဒေသခံတွေအ‌တွက် စက်သုံးဆီ ဈေးကြီးလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေလဲ တက်လာတယ်လို့ သိရပါတယ်။

စက်သုံးဆီ သုံးစွဲမှု လျော့ချရေးအတွက် မတ်လ ၃၁ ရက်နေ့ကစပြီး ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ကလေးမြို့မှာ  အရေးကြီး ကိစ္စရှိမှ အပြင်ထွက် သွားလာမှုတွေရှိနေပြီး လျှပ်စစ်သုံး ဆိုင်ကယ်နဲ့ စက်ဘီးတွေ အ၀ယ်များလာသလို စက်ဘီနင်းကာ အပြင်သွားလာသူတွေ ပိုတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Helen

#ကလေးမြို့ #ဓာတ်ဆီ#ဈေးတက်#Zalen

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်