ကလေးမြို့အကျဉ်းထောင်တွင် CNDF ရဲဘော်တစ်ဦးကျဆုံး၊ ဇာတိမြို့၌သဂြိုလ်ခွင့်မရ

ကလေးမြို့အကျဉ်းထောင်တွင် ထောင်ချခံရတဲ့ CNDF ရဲဘော် Salai Van Biak Him ဟာ မနေ့ ဩဂုတ် ၆ ရက်မနက်ပိုင်းတွင် ကလေးမြို့ပြည်သူ့ဆေးရုံတွင် ကျဆုံးတယ်လို့သတင်းရရှိပါတယ်။

မနှစ်တုန်းက အကျဉ်းထောင်တွင်းပစ်ခတ်မှုမှာကျဆုံးသွားတဲ့ ဗန်ဒိမ်းနဲ့အတူတူ ၂၀၂၁ ခုနှစ် ဇွန်လတွင် ကလေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံးငိုင်းက “သူက အဆုတ်နဲ့ နှလုံးရောဂါအခံရှိတယ်လို့ကြားတယ်။ မနေ့ မနက် ၁၀ နာရီလောက်မှာ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ရောက်လာပြီးတော့ နာရီဝက်လောက်ကြာတော့ ဆုံးသွားတယ်။ သူများတွေကြားကောင်းအောင် သေခါနီးမှာ ဆေးရုံကိုပို့လာတာပဲ။ ထောင်ထဲမှာ ကောင်းကောင်းဆေးကုသခွင့် တောင်ရမှာမဟုတ်ဘူး။ ပြီးတော့ အလောင်းကိုလည်း ဇာတိဖလမ်းမြို့မှာသယ်ယူခွင့်မပြုဘဲ ကလေးမြို့မှာပဲ ဒီနေ့ သဂြိုလ်ကြတယ်”လို့ပြောပါတယ်။

Salai Van Biak Him ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ နဲ့ ၅၂ (က)တို့ဖြစ် ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရပါတယ်။ ၎င်းဟာ ၂၀၂၂ ခုနှစ် မတ်လ (၁၅)ရက်က ကလေးမြို့အကျဉ်းထောင်ဆူပူမှုတွင် ဒုတိယခေါင်းဆောင်လို့စွပ်စွဲကာ တိုက်ပိတ်ခံရပြီး အပြင်းအထန်ရိုက်နှိက်မှုခံခဲ့ရပါတယ်။

နိုင်/ကျဉ်းဟောင်းတစ်ဦးက “သူက အဆုတ်ထိတော့ ချောင်းတအားဆိုးတယ်။ ဆေးရုံဆောင်မှာပဲနေတာများတယ်။ ဒါပေမယ့် လုံလုံလောက်လောက်ဆေးကုသပေးတာမရှိဘူး။ ဖျားရင်လည်း ပါရာစီတမောနဲ့ ဘာမီတွမ်လောက်ပဲ ပေးတယ်။ သေခါနီးမှပဲ ဆေးရုံကိုပို့တာ။ ကလေးမြို့ ထောင်ထဲမှာ ကျန်းမာရေးမကောင်းလို့သေဆုံးတာ ၅ ယောက်ရှိပြီ”လို့ပြောပါတယ်။

လက်ရှိ CNO/CNDF အဖွဲ့ဝင် ၁၄ ဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံရလျက်ရှိပြီး ထောင်ထဲမှာ ၂ ဦးကျဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်