ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄

Zalen

တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။

ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် အထကကျောင်းဝန်းထဲမှာ ဗုံးနှစ်လုံးကြဲချပြီးနောက် ဘုရားကျောင်းတက်နေတဲ့ အသင်းသားတွေထိခိုက်ဒဏ်ရာရရှိတဲ့အပြင် ဘုရားကျောင်းမျက်နှာကျက်ပါပြိုကျလာတာကြောင့် အသင်းသားများထိတ်လန့်တကြားဖြစ်ကာ အပြင်သို့ထွက်ပြေးကြပါတယ်။

စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတော် Van Hnuai Hum က “ဘုရားကျောင်းထဲ အလယ်တန်းတတိယခုံမှာထိုင်တဲ့ ကလေးမလေးရဲ့လက်သကြွယ်ကို ဗုံးဆံထိလို့ ဖြတ်လိုက်ရတယ်။ ဘုရားကျောင်းအုတ်နံရံကို ဗုံးဆံက နှစ်နေရာကနေဖောက်ထွင်းလာတယ်။ ကံကောင်းလို့ လူသေဆုံးမှုတော့မရှိဘူး။ ကျနော်တို့က ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲကို သတိဝိရီယရှိရှိနဲ့ မနက်စောစောဝတ်ပြုကြတယ်။ နှစ်သစ်လည်းကူးလာတော့ ပုံမှန်ဝတ်ပြုတဲ့ချိန်မှာအခုလိုဖြစ်သွားတယ်။ ကျနော်တို့ကြုံ့တွေ့ရတဲ့အဖြစ်အပျက်က တအားအကျဉ်းတန်းတော့ ခုထိဘုရားကျောင်းမတက်နိုင်သေးတဲ့သူတွေလည်းရှိတယ်။ တစ်လလောက်တော့ တနင်္ဂနွေနေ့တိုင်း လယ်တောထဲမှာ ရွာသား သုံးပုံနှစ်ပုံလောက် တိမ်းရှောင်ကြတယ်။ ခုချိန်ထိလည်း ဝတ်ပြုနေတုန်း ဘာတွေထပ်ကြုံ့မလဲဆိုပြီးထိတ်လန့်နေရတုန်း” လို့ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ကာနန်ကျေးရွာ အထက ကျောင်းဝန်းထဲဗုံးနှစ်ကြဲချလို့ ကစားနေတဲ့ ကလေး ၂ ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရတယ်။ ဒုတိယအ ကြိမ်ကို ကျောင်းအနောက်ဘက်မှာ နှစ်လုံးထပ်ကြဲရာ အိမ် ၆ လုံးပျက်စီးကာ လူ ၁၅ ယောက်ပွဲချင်းသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ကာနန်ရွာသား တစ်ဦးက “ဒဏ်ရာရတဲ့သူတွေကို ကလေးမြို့ဆေးရုံမှာပို့တော့ စစ်ကောင်စီတွေက လိုက်ရှာတယ်ဆိုလို့ ဟိုပြေးဒီပြေးနဲ့ သိုသိုဝှက်ဝှက်ဆေးကုကြတယ်။

ဗုံးလာကြဲတဲ့နေ့က တနင်္ဂနွေနေ့ဆိုတော့ ခုထိ တနင်္ဂနွေနေ့တိုင်းထိတ်လန့်နေကြတယ်။ ဘုရားကျောင်းကိုလည်း စိတ်သောကကင်းကင်းနဲ့ မတက်နိုင်ဘူး။

ဗုံးများလာကြဲမလာဆိုတဲ့စိတ်ဒဏ်ရာစွဲနေတယ်။ “လို့ပြောပါတယ်။

သတင်း- EP

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်