ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနပညာရှင် ၂ ဦး နိုဘယ်ဆုရရှိ

ချစ်ခြင်းနွေ/ ၃၊ အောက်တိုဘာ ၊ ၂၀၂၃။

Zalen

၂၀၂၃ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ သုတေသီနှစ်ဦး ဖြစ်တဲ့ ဇီဝဓာတုပညာရှင် Katalin Kariko နဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဆိုင်ရာ သုတေသီ Drew Weissman တို့ကို ရွေးချယ်လိုက်တဲ့အကြောင်း ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက ကြေညာပါတယ်။

 ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ RNA ကနေ ပွားပြီးထုတ်ထားတဲ့ messenger RNA (mRNA) နည်းနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေး ထုတ်လုပ်နိုင်အောင် ဦးဆုံး စူးစမ်းရှာဖွေခဲ့သူတွေ အဖြစ် နိုဘယ် ဆေးပညာဆိုင်ရာ ဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

Zalen ad

ဒီအပတ်အတွင်းမှာပဲ ၂၀၂၃ ခုနှစ်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေ နိုဘယ်ဆုရှင်တွေကို ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက အသီးသီး ကြေညာမှာဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ သောကြာနေ့ နော်ဝေနိုင်ငံ နိုဘယ်ငြိမ်းချမ်ရေး ကော်မတီက ၂၀၂၃

ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ကြေညာမှာ ဖြစ်ပါတယ်။

ဒိုင်းနမိုက်ကို တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး Alfred Nobel ရဲ့ဆန္ဒအတိုင်း သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆု တွေကို ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံနဲ့ နော်ဝေနိုင်ငံ နိုဘယ်ငြိမ်းချမ်ရေး ကော်မတီက ၁၉၀၁ ခုနှစ်ကစပြီး ဆုတွေ ချီးမြှင့်လာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်