ကလေးတက္ကသိုလ်ကို ချင်းပြည်နယ်ရဲ့ တက္ကသိုလ်အဖြစ်ပြန်လည်သတ်မှတ်ရန် သဘောထားထုတ်ပြန်

ချင်းပြည်နယ် ဧရိယာထဲမှာ သုံးပုံနှစ်ပုံပါဝင်တဲ့ ကလေးတက္ကသိုလ်ကို ချင်းပြည်နယ်ရဲ့ ခိုင်ကမ်းတက္ကသိုလ်အဖြစ် ပြန်လည်သတ်မှတ်ရန် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း(၃၉)က စုပေါင်းပြီး ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက် ထဲတွင် ကလေးတက္ကသိုလ် အာဏာပိုင်များရဲ့ ဇူလိုင်လ (၂၃)နေ့စွဲဖြင့် အကူအညီတောင်းခံမှုကြောင့် ဒေသခံတိုင်းရင်းသားများ မျက်ကွယ်တွင် တီးတိန်မြို့နယ်တာဝန်ရှိသူ ဝန်ထမ်းတစ်ချို့က တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) ပုဒ်မ(၅၃)ပါပြဌာန်းချက်များနှင့် သွေဖယ်ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဧရိယာအတွင်း မြေယာ ဧက(၃၀၈ ဒသမ ၅၆)ကိုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးတက္ကသိုလ်ပိုင် ဂရမ်မြေအဖြစ်သို့ပြောင်းလဲရေးဆွဲရန် အမျှော်အမြင်နည်းပါးစွာ ကွင်းဆင်းတိုင်းတာမှုကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချသည်။ လက်ရှိ ကလေးတက္ကသိုလ်နယ်မြေအပါအဝင် ချင်းပြည်နယ်ရှိ ဒေသခံပြည်သူလူထုအများစုအတွင်း နှစ်ပေါင်းများစွာ တအုံနွေးနွေးစိတ်မကောင်းဖြစ်နေရသည့် ယခင်စစ်အုပ်ချုပ်ရေးစနစ်ရဲ့ ပုံရိပ်ဖြစ်သော ကလေးတက္ကသိုလ်မှ မူလအမည်ဖြစ်တဲ့ ခိုင်ကမ်းတက္ကသိုလ်အဖြစ်သို့ပြောင်းလဲပြီး ဧရိယာအများစုရဲ့ မူလမြေပိုင်ရှင် ချင်းပြည်နယ်ရဲ့ တက္ကသိုလ်အဖြစ်သို့ပြန်လည်သတ်မှတ်ပေးရန်၊ မပြီးပြတ်သေးသည့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်အကြား နယ်နမိတ်အရေးကို သမိုင်းကြောင်းမှန်နဲ့အညီ မှန်ကန်တိကျစွာ ပြန်လည်ဖော်ထုတ်ရေးဆွဲပြီးမှသာလျှင် လက်ရှိကလေးတက္ကသိုလ်ပိုင်မြေနေရာ ဂရမ်ရေးဆွဲမှုကိုဆောင်ရွှက်ရန် ပူးတွဲကြေငြာချက်ထုတ်ပြန်လိုက်တယ်လို့ရေးသားထားပါတယ်။

ကလေးတက္ကသိုလ်(ယခင် ခိုင်ကမ်းကောလိပ်) ကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်တွင်စတင်ဖွင့်လှစ်ပြီး စုစုပေါင်းဧရိယာ ၃၈၅ ဧက ရှိသည့်အနက် (၃၀၈)ဧကဟာ ချင်းပြည်နယ် ဆီးယင်းသစ်တောကြိုးဝိုင်းထဲမှာရှိပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်