ကလေးတက္ကသိုလ်တွင် ချင်းကျောင်းသားတစ်ယောက်ဆိုင်ကယ်မတော်တဆဖြစ်လို့ ဆးရုံမှာအရေးပေါ်ကုသနေရ

ကလေးတက္ကသိုလ်မုဒ်ဦးအနီးတွင် အီမေဂျာနောက်ဆုံးနှစ်ကျောင်းသား မူလတန်းပြဆရာ ဆလိုင်းရွှေဇမှုန်(Sui Za Hmung)ဟာ လမ်းဘေးသဲပုံတိုက်လို့ ဆိုင်ကယ်မတော်တဆဖြစ်မှု ဒီနေ့ ညနေ (၈း၅၀)နာရီခန့်မှာ ဖြစ်ပွားပါတယ်။

ဆလိုင်းရွှေဇမှုန်(၂၈ နှစ်)ဟာ ထန်တလန်မြို့နယ် နှာရိမ်းမြို့က ဆရာ Joshua ရဲ့သားဖြစ်ပြီး ထန်တလန်မြို့နယ် Khuahrang ကျေးရွာမှာ မူလတန်းပြဆရာလုပ်နေပါတယ်။

ဆလိုင်းရွှေဇမှုန်ကို ဆေးရုံပို့ပေးတဲ့ ကလေးတက္ကသိုလ်ကျောင်းဆရာ ဗန်နွန်ဟမ်က “ကျနော်နဲ့ဆရာတစ်ယောက်အပြင်မှာလက်ဖက်ရည်သောက်ပြီးပြန်လာတဲ့ချိန်မှာ( ၉ နာရီ ၁၀ မိနစ်ခန့်) တက္ကသိုလ်မိန်းလမ်းမနဲ့အဓိပတိလမ်းဒေါင့်မှာ ကောင်မလေးနှစ်ယောက်ဖုန်းပြောနေတယ်။ သူတို့အနားမှာ ဆိုင်ကယ်တစ်စီးနဲ့လူတစ်ယောက်လဲနေတာတွေ့တော့ သွားကြည့်တယ်။ အဲ့ဒီ အဓိပတိလမ်းက လမ်းပြင်နေတော့ လမ်းဘေးမှာသဲတွေပုံထားတယ်။ အဲ့ဒါကို သူ့ဘာသာတိုက်မိတယ်လို့ယူဆတယ်။ ဆိုင်သကယ်ဦးထုပ်ဆောင်းထားတော့ ခေါင်းတော့မထိဘူး။ ဒါပေမယ့် မျက်နှာတော့ထိတယ်။ ပါးစပ်နဲ့ နားကနေ သွေးတွေထွက်နေတယ်။ ဆေးရုံကို အရေးပေါ်ပို့ပြီးတော့ အခု(၁၀ နာရီ) ခွဲစိတ်ခန်းဝင်နေတယ်။ သူတို့အမျိုးတွေလည်းအခုဆေးရုံရောက်လာတယ်။ ခုထိသတိမေ့နေတုန်း။ လူနာအခြေအနေက တစ်ရာမှာ ငါးဆယ်ရှိတယ်လို့ဆရာဝန်တွေကပြောပါတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်