ချင်းပြည်နယ်မှာ သုံးနှစ်အတွင်း ဒီနှစ်ခရီးသွားဧည့်သည်အများဆုံးဝင်ရောက်

ချင်းပြည်နယ်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ မေလအထိ ကာလတူနှိုင်းယှဉ်ချက်အရ ဒီနှစ်မှာ ခရီးသွားဧည့်သည်အများဆုံးဝင်ရောက်လာတယ်လို့ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းအရသိရပါတယ်။

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအများဆုံး သွားရောက်တာကတော့ ခေါ်နူးဆုမ်တောင်ဖြစ်ပြီး နိုင်ငံခြားမှ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန် နိုင်ငံသားတွေအများဆုံး ရောက်လာကြပါတယ်။

ချင်းပြည်နယ်မှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ မေလထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၂,၈၈၈)ဦး၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ မေလထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၄,၇၃၃) ဦး၊ နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ မေလထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၁၁,၂၄၈)ဦး ရောက်လာကြပါတယ်။

ချင်းပြည်နယ် ခရီးသွားဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းနိုင်းတမ်က “ခရီးသွားတွေအဝင်များလာတယ်ဆိုပေမယ့် ပြည်တွင်းခရီးသွားတွေပဲများလာတာပါ ။သူတို့က ဝိတိုရိယတောင်တက်ဖို့သက်သက်လာကြတာ။ နိုင်ငံခြားသားဘက်ပိုင်းမှာကျတော့ပိုက်ဆံသုံးနိုင်တဲ့သူတွေ(Package Tour)တွေမလာတော့ဘူး။ မြန်မာတနိုင်ငံလုံးခံရတာပါ။ ဘာလို့လဲဆိုတော့ ရခိုင်ပြဿနာကြောင့် နိုင်ငံခြား Travel Agencyတွေကသူတို့ရဲ့ဖောက်သည်တွေကို မြန်မာနိုင်ငံကိုမပို့ကြတော့ဘူး။ လူ့အခွင့်အရေးတွေချိုးဖောက်နေပါတယ် ethnic cleansing တွေလုပ်နေပါတယ်ဆိုပြီး သူတို့ရဲ့ လူတွေကို ဒီဘက်ကို မပို့တော့တာကြောင့် အဝင်နည်းသွားတယ်။ ခုနောက်ပိုင်း ကျနော်တို့ဘက်မှာလာတာကတော့ ကျောပိုးအိတ်တစ်လုံးနဲ့လျှောက်သွားနေတဲ့ Backpacker တွေပဲများလာတယ် ။သူတို့အဓိကစိတ်ဝင်စားကြတာက ချင်းဓလေ့ထုံးစံတွေနဲ့ ပါးရဲထိုးတဲ့ဓလေ့ကို မြင်ဖူးချင်တာရယ်ကြောင့်ပါ”လို့ဆိုပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်