ချင်းပြည်နယ်သို့ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယို (၃)ရက်ကြာ လာရောက်လည်ပတ်

ချင်းပြည်နယ် မြို့လေးမြို့နဲ့ ကလေး၊ ခမ်းပတ်၊ တမူးမြို့တွေမှာ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယိုဟာ စက်(၂၈)ရက်ကနေ (၃၀)ရက်ထိ လာရောက်လည်ပတ်မယ်လို့သိရပါတယ်။

ယနေ့နံနက် မုံရွာမြို့ကနေ ကလေးဝ ယာကြီးလမ်းကြည့်ရှုပြီး ခမ်းပတ်မြို့နဲ့ တမူးမြို့သို့ဆက်သွားပါမယ်။ ညနေပိုင်းမှာ တမူး-မိုးရေးနယ်စပ်ဂိတ်ကိုကြည့်ရှုပြီး ကလေးမြို့မှာ ညအိပ်နားမှာဖြစ်ပါတယ်။ စက်တင်ဘာ (၂၉)ရက် နံနက်ပိုင်းမှာ တီးတိန်မြို့ဘက်သို့မော်တော်ယာဉ်နဲ့ထွက်ခွာပြီး ရိခေါ်ဒါရ်နယ်စပ်ဂိတ်ကို ကြည့်ရှုစစ်ဆေးသွားမယ်။ နေ့လယ်ပိုင်းမျာ ရိဒ်ခေါ်ဒါရ်မြို့ကနေ မော်တော်ယာဉ်နဲ့ ဖလမ်းမြို့သို့ဆက်သွားမှာဖြစ်ပြီး ဖလမ်းလေယာဉ်ကွင်းတည်ဆောက်မှုကိုကြည့်ရှုသွားပြီး ဖလမ်းမြို့မှာ ညအိပ်နားပါမယ်။ စက်တင်ဘာ(၃၀)ရက် နံနက်ပိုင်းမှာ ဖလမ်းမြို့ကနေ ကလေးမြို့သို့ ဝေဘူလလမ်းကနေ မော်တော်ယာဉ်နဲ့သွားမှာဖြစ်ပြီး ကလေးမြို့ကနေ နေပြည်တော်သို့ဆက်လက်ထွက်ခွာပါမယ်။

နှစ်နှစ်အတွင်း ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယိုဟာ ချင်းပြည်နယ်သို့ (၄)ကြိမ်မြောက်လာရောက်လည်ပတ်ခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်