ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွေမှာ အင်တာနက်လိုင်းများပိတ်

ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွေမှာ အင်တာနက်လိုင်းများပိတ်

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဇွန်လ ၂၁ ရက်ကစပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ဖြစ် MPT, Mytel, Ooredo နဲ့ Telenor အင်တာနက်လိုင်းပိတ်ပင်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အင်တာနက်လိုင်းပိတ်ထားတဲ့နေရာတွေကတော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား နဲ့ မြေပုံမြို့နယ်တို့ဖြစ်ပါတယ်။

တယ်လီဖုန်းလိုင်းခေါ်ဆိုမှုနဲ့ စာတိုပေးပို့မှုကိုတော့ ပုံမှန်အသုံးပြုနိုင်မယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းကဆိုပါတယ်။

Zalen ad

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အေအေနဲ့ တပ်မတော် တိုက်ပွဲဖြစ်ပွားမယ့်အချိန်နဲ့ တပ်မတော်က အေအေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အချိန်တွေမှာ ဖုန်းလိုင်းအားလုံးဖြတ်တောက်လျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မျိုးပွားကာလဖြစ်လို့ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုဖို့ CDF-Thantlang အသိပေး

မတ် ၂ ၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်များကို မျိုးပွား ကာလဖြစ်လို့ မသတ်ဖြတ်ကြဖို့ ထန်တလန်မြို့နယ်ကောင်စီ/ CDF-Thantlang က အသိပေးထုတ်ပြန်ထားပါ တယ်။ ထုတ်ပြန်ချက်ထဲမှာ လတ်တလောအချိန်ဟာ ...

ဆက်ဖတ်ရန်